မြန်မာ-ဘင်္ဂလားဒေ့ရှ် JTC တွင် ဆန်နှင့်လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့နိုင်ရေး ညှိနှိုင်းခဲ့

(၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေးကို နိုဝင်ဘာ ၉ရက် နှင့် ၁၀ ရက်တို့ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တွင် ကျင်းပခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူး
သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်နှင့် ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  Senior SecretaryH.EMr.HedayedtullahAlMamoonအပါအဝငနိုင်ငံခြားရေးဝန်ကြီးဌာန၊ရေကြောင်းဆိုင်ရာဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးနှင့် တံတားဦးစီးဌာန၊နိုင်ငံတော်အခွန်ကောက်ခံရေးအဖွဲ့၊ပို့ကုန်မြှင့်တင်ရေးဌာနနှင့် အခြားသက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲ ကော်မရှင်အစည်းအဝေးများကို
တစ်နှစ်တစ်ကြိမ် ပုံမှန်ဆောင်ရွက်ရန်ဖြစ်သော်လည်း၊ တစ်နှစ်တစ်ကြိမ်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်ရေး အလားအလာကောင်းများရှိသော်လည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ မျှော်မှန်းထားသည်ထက်နည်းပါးနေသည်ကိုတွေ့ရှိရသည်၊ထို့ကြောင့်နှစ်နိုင်ငံအကြားကုန်သွယ်မှုတိုးတက်ရေးကိုအလေးအနက်ထားရန် လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်၊ ပဲ၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ နနွင်းတက်နှင့်ချင်းတို့ကို နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်ရေးအတွက် ပင်လယ်ရေကြောင်း နည်းလမ်းဖြင့်တင်ပို့လိုကြောင်း အဆိုပါကုန်သွယ်ရေးပူးတွဲကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက်နှစ်ဖက်ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေးအတွက်အားပေးကူညီထောက်ပံ့များကို ဆောင်ရွက်ကြရန်၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုများတိုးမြှင့်စေရေး နှစ်နိုင်ငံသဘောတူစာချုပ်များချုပ်ဆိုရန်၊နယ်စပ်ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရန်၊ နှစ်နိုင်ငံဘဏ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းအဖွဲ့များ အပြန်အလှန်သွားလာရန်၊
ကုန်စည်ပြပွဲများတွင်အပြန်အလှန် ပါဝင်ပြသရန်၊ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချအဆင်ပြေ လွယ်ကူချောမွေ့စေရန်စသည့်ကိစ္စများအား အဆိုပါအစည်းအဝေးတွင် အဓိကထား၍ ဆွေးနွေးခဲ့ကြပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ တင်ပို့နေသည့် ပို့ကုန်ပစ္စည်းများအပေါ်တွင် အခွန်ကောက်ခံမှု မြင့်မားနေသဖြင့် အခွန်လျှော့ချပေးရေးကိစ္စကို မြန်မာကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စားလှယ်
အဖွဲ့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျည်း၊စည်းကမ်းများနှင့်အညီ သက်သာခွင့်များ အပြန်အလှန်ပေးသည့်သဘောတူညီချက် (Preferential Trade Agreement) ကို ချုပ်ဆိုရန်ဘင်္ဂလားဒေ့ရှ်နိုင်ငံကကမ်းလှမ်းခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ Gao  တွင်မကြာသေးမီကကျင်းပခဲ့သည BRICSBIMSTECထိပ်သီးအစည်းအဝေး၏ရလဒ်ကိုနှစ်နိုင်ငံစလုံးကအားရကျေနပ်မှုရှိကြောင်းမှတ်တမ်းတင်ခဲ့ပြီးအနာဂတ်တွင်နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးသောဆက်ဆံရေးတည်ဆောက်မှုနှင့်ကုန်သွယ်မှုကဏ္ဍတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာစေရေးကိုအဆိုပါအစည်း
အဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မရှင်အစည်းအဝေး၏(၉)ကြိမ် မြောက်အစည်းအဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၊ နေပြည်တော်တွင်(သို့မဟုတ်)နှစ်ဖက်အဆင်ပြေသည့်နေရာတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပို့ကုန်ဝင်ငွေအများဆုံးရှာဖွေ ပေးနေသည့်  (Export Processing Zone-EPZ)  ရှစ်ခုရှိပါ သည်။ ၄င်းဇုန်များအနက်   Chittagong EPZ  သည်အကြီးဆုံး ဖြစ်ပြီး Dhaka EPZ သည် ဒုတိယအကြီးဆုံး ဖြစ်ပါသည်။ယင်းEPZများတွင်နိုင်ငံပေါင်း၃၇နိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး၊တရုတ်နိုင်ငံမှအများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းသိရသည်။Dhaka EPZ သည် ၂၀၁၅-၂၀၁၆ ကာလတွင် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ ခြောက်ဘီလီယံအထိ ရှိခဲ့သည်။Dhaka EPZ တွင် စုစုပေါင်းလုပ်သားအင်အားမှာ ၂၀၁၆ ခုနှစ် ဩဂုတ်လအထိ ၉၀၅၈၈ ဦးရှိပြီး၊  EPZ ရှစ်ခုစလုံးတွင်လုပ်သားအင်အား ၄၆၀၃၁၃ ဦးရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏  EPZ အကြီးဆုံးဖြစ်သော   Chittagong EPZ  သည် ရင်းနှီးမြှုပ်နှံမှုနှင့်ပို့ကုန်တင်ပို့မှုအများဆုံးဖြစ်ပြီး၊ ဒုတိယမှာDhaka EPZ ဖြစ်သည်။၂၀၁၂-၂၀၁၃ ခုနှစ်တွင်း စစ်တမ်းကောက်ယူမှုများအရ လွတ်လပ်သော ကုန်သွယ်မှုဇုန် ၁၀ ခုအား ရွေးချယ်ရာတွင် ကမ္ဘာ့အဆင့်နေရာ၌ ဃ့ငအအေါသညါ နဏဇ  မှာ နံပါတ် (၉)နေရာ တွင်ရှိပြီး၊၂၀၁၀-၂၀၁၁
စစ်တမ်းကောက်ယူမှုများအရ ကုန်ကျ စရိတ်ကျစ်လျစ်သက်သာသော ဇုန် ၁၀ ခုအား ရွေးချယ်ရာတွင် ကမ္ဘာ့အဆင့်နေရာ၌  Chittagong EPZ  သည် နံပါတ်(၃)နေရာ၌ရပ်တည်နေကြောင်းသိရသည်။ထို့ပြင်ကမ္ဘာ့စီးပွားရေးအလားအလာအကောင်းဆုံးနေရာ ၁၀နေရာအား ရွေးချယ်ရာတွင် (၃)နေရာ၌ရပ်တည်နေကြောင်းသိရသည်။ထို့ပြင်ကမ္ဘာ့စီးပွားရေးအလားအလာအကောင်းဆုံးနေ ရာ
(၁၀)နေရာအားရွေးချယ်ရာတွင်Chittagong EPZ သည် နံပါတ် (၄)နေရာ၌ရပ်တည်ခဲ့ပါသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင်က ဆန်တင်သွင်းသောပါဝင် ခဲ့သော်လည်း ယခုအခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏  လူဦးရေသန်း  ၁၆၀ အား  ဆန်ဖူလုံရေးအတွက် Bangladesh Rice Foundation (BRF) ) အား တည်ထောင်ပြီး၊ ၄င်းအဖွဲ့သည် Asia Rice Foundation
နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Bangladesh Rice Foundation ၏အဓိကရည်ရွယ်ချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိလယ်သမားများအား အကျိုးအမြတ်ရရှိစေရေးအတွက် ဆန်ထုတ်လုပ်မှုစဉ်ဆက်မပြတ်ဖြစ်စေရေးနှင့်
အရည်အသွေးရှိဆန်တင်ပို့မှုမြင့်မားလာသိရှိရပါသည်။ထို့ပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရသည်။ ၁၉၉၀ ခုနှစ်မှ စတင်၍နိုင်ငံတကာအကူအညီဖြင့် တစ်နှစ်လျှင် ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်းစီ လျှော့ချခဲ့ကြောင်း သိရသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံလူဦးရေ၏ ၈၀  ရာခိုင်နှုန်းမှာကျေးလက်နေလူတန်းစား များဖြစ်သဖြင့် ကျေးလက်နေပြည်သူ များအားအလုပ်အကိုင်များ ပိုမိုရရှိမည့် စိုက်ပျိုးရေးကဏ္ဍကိုဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ကမ္ဘာ့ဘဏ်၏၂၀၁၃ ခုနှစ်  လေ့လာမှု စာတမ်းအရဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀ဝဝ ပြည့်နှစ်တွင် ဆင်းရဲနွမ်းပါးမှုကို၄၈ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၁၀ ခုနှစ်တွင် ၃၁ ဒသမ ၅ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။
 

Agency Ministry of Foreign Affairs
Category General