ကုန်သွယ်ရေးဇုန်များမှကြက်သွန်နီတင်ပို့မှု လျော့နည်း

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄၅၈၂၅ တန်ဖိုးရှိကြက်သွန်နီ ၂၃၅ တန် တင်ပို့နိုင်ခဲ့သလို မြန်မာ-ထိုင်း နယ်စပ်ရှိ  မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၅၂၈၆ တန်ဖိုးရှိ ကြက်သွန်နီ ၂၀၈ တန်ခွဲ တင်ပို့ခဲ့ပါတယ်ယခင်ရက်သတ္တပတ်က မူဆယ်မှ တန် ၆၀ဝ၊ မြဝတီမှ၂၆၁ တန်ကျော်နဲ့ တာချီလိတ်မှတန် ၂၀ဝ တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်လျော့ နည်းသွားခဲ့တာ တွေ့ရပါတယ်။အောက်တိုဘာလလယ်ခန့်က ကြက်သွန်ဈေး ရုတ်တရက်တက်သွားရတဲ့ အကြောင်းရင်းမှာ အလှူအတန်းရာသီချိန်ဖြစ်လို့ ဈေးတက်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်က
ကြက်သွန်ဈေးတက်ခဲ့ရတာကတော့ ပစ္စည်းလက်ကျန်မရှိခြင်းကြောင့်ဖြစ်တယ်လို့ မိတ္ထီလာ ကြက်သွန်ကုန်စည်ဒိုင်မှ သိရပါတယ်။မိတ္ထီလာအတွင်းရှိ မြို့နယ်များမှနှစ်စဉ်နိုဝင်ဘာလမှ ဒီဇင်ဘာလတွင်ရေသွင်းစိုက်ပျိုးပြီး မတ်လမှဧပြီလဆန်းတွင် ကြက်သွန်နီသစ်များပေါ်ကြောင်းသိရပါတယ်။                                မော်မော်အောင်

Agency Ministry of Foreign Affairs
Category General