ပြည်ပဲဈေးကွက်သို့ဘိုကိတ်ပဲသစ် စတင်ဝင်ရောက်လာ

ပြည်ပဲဈေးကွက်သို့ ယခုနိုဝင်ဘာ ဒုတိယပတ်အတွင်း ဘိုကိတ်ပဲသစ်များ စတင်ဝင်ရောက်လာတာကို တွေ ့ရပါတယ်။ ပန်းတောင်းမြို့မှ စတင်ဝင်ရောက်ခြင်းဖြစ်ပြီး တစ်ရက် ၁၀ အိတ်နီးပါးဝင်ရောက်ခဲ့ပါတယ်။ ပဲဈေးမှာ တစ် တင်းကျပ်၂၄၀ဝဝနဲ့ ဈေးငြိမ်နေတဲ့အတွက် ပဲသစ်ဈေးလည်း တစ်တင်း  ကျပ် ၂၄၀ဝဝ ရရှိခဲ့ပြီး လက်လီသာဝယ်ယူမှု ရှိခဲ့ပါတယ်။ ယခင်နှစ်ကလည်း အဖွင့်ဈေးတစ်တင်း ကျပ် ၂၄၀ဝဝ သာရရှိခဲ့ပြီး ယခင်နှစ်ကအောက်တိုဘာလ အတွင်းမှာပဲသစ်များ စတင်ဝင်ရောက်တာကို တွေ့ရပါတယ်။ ယခုနှစ်မှာတော့ ပဲသစ်ဝင်ရောက်မှုနောက်ကျခဲ့သလိုပဲဈေးမှာလည်း ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိနေခဲ့လို့ ပဲဟောင်း၊ ပဲသစ်ဈေးတူရရှိနေခဲ့ပါတယ်။
ခင်ဆွေဝင်း

Agency Ministry of Foreign Affairs
Category General