ပြည်ဈေးကွက်မှာ ဝယ်လက်ရှိလို့ ဆီဆန်ဈေးပြန်မြင့်လာ

ယခုတစ်ပတ်ပြည်ဈေးကွက်တွင်မြေပဲဆီဆန်ဈေး အနည်းငယ်ပြန် တက်လာပါတယ်။ ဒါပေမယ့်လုံးဆန်အဖြူဈေးတန့်နေပြီး လုံးဆန်အနီကတော့ဈေး အနည်းငယ်ကျလာတာတွေ့ရပါတယ်။ ပြည်ဈေးကွက်သို့ မြန်အောင်၊ ကြံခင်း၊ပေါက်ခေါင်းနဲ့ ဝက်ထီးကန်ဘက်မှ တစ်နေ့လျှင် အိတ် ၆၀ဝ မှ ၇၀ဝ ခန့်ဝင်ရောက်လာပါတယ်။ ဆီဆန်ကိုမကွေးမှ အဝယ်ရှိပြီးလုံးဆန် ကို ရန်ကုန်ဝယ်လက်များကအဝယ်ရှိနေတာတွေ့ရပါတယ်။မြေပဲဆီဆန်ဈေး မှာ တစ် ပိဿာလျှင်  ကျပ် ၁၄၅၀ ဖြင့် ယခင်တစ်ပတ်ထက်တစ်ပိဿာလျှင်ကျပ် ၅၀ ခန့်ဈေးမြင့်လာခဲ့သလို  လုံးဆန်အဖြူ တစ်ပိဿာလျှင် ကျပ် ၁၈၅၀ ဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေပြီးလုံးဆန်အနီတစ်ပိဿာလျှင် ကျပ်၁၉၅၀ ဖြင့်ယခင်တစ်ပတ်ထက်တစ်ပိဿာလျှင် ကျပ် ၁၅၀ ဈေးကျလာတာ တွေ့ရပါတယ်။                                      ဝေဝေမင်း
 

Agency Ministry of Foreign Affairs
Category General