မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသင်းဝင်ကုမ္ပဏီများနှင် ပူးပေါင်း၍ ဆန်တန်ချိန်သုံးသိန်းကို ပြည်ပသို့တင်ပို့သွားရန်စီစဉ်လျက်ရှိ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် အသင်းဝင်ကုမ္ပဏီများနှင့်ပူးပေါင်း၍ဆန်တန်ချိန်သုံးသိန်းကိုနိုဝင်ဘာ၊ဒီဇင်ဘာလနှင့် ၂၀၁၇ခုနှစ် ဇန်နဝါရီလတို့တွင်ပြည်ပသို့တင်ပို့သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်း၏သတင်းထုတ်ပြန်ချက်များအရသိရသည်။ယင်းကဲ့သို့ ပြည်ပတင်ပို့မှုဖြင့်ပြည်တွင်းဈေးကွက်ဝယ်လိုအားကိုမြှင့်တင်နိုင်မည်ဖြစ်ပြီးဆန်စပါးဈေးကွက်တစ်ခုလုံးကိုလည်ပတ်စေရန်နှင့်အနယ်နယ်အရပ်ရပ်ရှိ
အသေးစား၊ အလတ်စားဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ နှင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများ ပါဝင်သည့် ှ Supply ChainValue Chain  တစ်လျှောက်တွင် ပါဝင်သူများအားလုံးကိုထိရောက်စွာအကျိုးပြုနိုင်မည်ဖြစ်သည်ဟုဆိုသည်။မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်မြှင့်တင်ရေးကိုပုဂ္ဂလိက အခန်းကဏ္ဍမှ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တွင် နိုင်ငံတကာ ဈေးကွက်သို့ ဆန်တင်ပို့မှုတိုးတက်လာစေရန်နှင့်ပို့ကုန်ဝင်ငွေကို မြန်မာနိုင်ငံဘဏ်များတွင် လက်ခံရရှိပြီး ကုန်သွယ်မှုလိုငွေပြနေခြင်းကို ထိရောက်စွာအကျိုးပြုနိုင်ရန်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်မြန်မာ့ဆန်စပါးလုပ်ငန်းရေရှည်ဖွံ့ဖြိုးရေးကိုထိရောက်ပြတ်သားစွာမူဝါဒ ချမှတ်ဆောင်ရွက်ရမည့်အချိန်ကာလတွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား ဆန်စက်လုပ်ငန်းများကို ထိခိုက်စေနိုင်သည့်နယ်စပ်မှ ပြည်ပသို့စပါးတင်ပို့ခြင်းကိုအသင်းချုပ်အနေဖြင့်လတ်တလောအခြေအနေတွင်ထောက်ခံမည်မဟုတ်ဘဲမူဝါဒရွေးချယ်မှုမလွဲမှားစေရန်အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများကိုတိုက်တွန်းတင်ပြသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ကြေညာ
ချက်တွင်ထည့်သွင်းဖော်ပြထားသည်။ထို့ပြင်စပါးအဖြစ် ပြည်ပတင်ပို့ခြင်းသည် နိုင်ငံတကာကုန်သွယ်မှုနယ်ပယ်တွင် အပင်ပိုးမွှားရောဂါကိစ္စများ (Sanitary & Phytosanitary Issue) များရှိနေ သဖြင့် ကုန်သွယ်ဖက်နိုင်ငံနှင့်တရားဝင်ဖြစ်စေရန် ညှိနှိုင်းပြီးမှသာ တင်ပို့ရန်သင့်၊ မသင့် စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ပြီး ယင်းအစီအစဉ်သည် ပြည်တွင်း၊ ပြည်ပရင်း နှီးမြှုပ်နှံမှုများကို ထိခိုက်စေမည့်အစီအစဉ်များပင်ဖြစ်ပါကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်၏နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည့်သတင်းထုတ် ပြန်ချက်(၁၄/၂၀၁၆)တွင် ဖော်ပြထားသည်။

Agency Ministry of Foreign Affairs
Category General