ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ရရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း ပို့ကုန်တင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃၀၅ ဒသမ ဝ၃ သန်း၊ သွင်းကုန် တင်သွင်းနိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၈၁ ဒသမ ၆၆၄ သန်းဖြစ်တဲ့အတွက် ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၅၈၆ ဒသမ ၆၉၄ သန်းဖြစ်ပါတယ်။ ကုန်သွယ်မှု ပိုငွေမှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၃၆၆ သန်း ဖြစ်ပြီး ထို သို့ ပိုမိုရခြင်းမှာ ချုပ်ပြီးအထည်နဲ့ သဘာဝဓာတ်ငွေ့ ပိုမို တင်ပို့ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၃၁၃ သန်း၊ သွင်း ကုန်အမေရိကန်ဒေါ်လာ ၂၂၈ ဒသမ ဝဝ၉ သန်းဖြစ်ခဲ့တဲ့ အတွက် ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၉၉ ဒသမ၆၉၆ သန်းဖြစ်ပါတယ်။ ကုန်သွယ်ရေးစခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၇၆ ဒသမ ၇၁၇ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ ၅၃ ဒသမ ၆၅၅ သန်းဖြစ်တဲ့အတွက် ကုန်သွယ် မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ဝ၆၂ သန်းဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုကဏ္ဍတစ်ခုလုံးအနေနဲ့ ကုန်သွယ် မှု ပိုငွေမှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၃၆၆ သန်းဖြစ်ပါတယ်။ယခုဘဏ္ဍာနှစ် ဧပြီ တစ်ရက်မှ အောက်တိုဘာ ၂၈ ရက် အထိ ပို့ကုန် တင်ပို့နိုင်မှုမှာ အမေရိကန် ဒေါ်လာ ၆၅၁၅ဒသမ ၈၈၆ သန်း၊ သွင်းကုန်တင်သွင်းနိုင်မှုမှာ အမေရိကန် ဒေါ်လာ ၈၅၅၁ ဒသမ ၇၄ သန်း ဖြစ်တဲ့အတွက် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၀၆၇ ဒသမ ၆၁၆ သန်း ဖြစ်ပါတယ်။ ဘဏ္ဍာနှစ်စမှ စပြီး ကုန်သွယ်မှု အခြေ အနေကိုကြည့်ပါက လိုငွေအမေရိကန် ဒေါ်လာ ၂၀၃၅ ဒသမ ၈၅၄ သန်း ဖြစ်ပါတယ်။ ယမန်နှစ်ကာလတူရဲ့ ကုန်သွယ်မှု ပမာဏ မှာ အမေရိကန်ဒေါ်လာ ၁၅၁၄၀ ဒသမ ၁၃၆ သန်းဖြစ်တဲ့ အတွက် ယခုနှစ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၂ဒသမ ၅၁၀ သန်း လျော့နည်းနေကြောင်း သိရှိရပါတယ်။
     ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General