ရိဒ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကုန်သွယ်ရေး ဦးစီးဌာန၊ ရိဒ်ကုန် သွယ်ရေးစခန်း၏ အောက်တိုဘာ ကုန် သွယ်မှု  မြှင့်တင်ရေး  လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်က ရိဒ်ကုန်သွယ်ရေးစခန်း၌ ကျင်းပ ပြုလုပ်ရာတွင် အစည်းအဝေး သို့  One
Stop Service (OSS)  အဖွဲ့ဝင် ဌာန ဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ကလေး-တီးတိန်-ရိဒ်ခေါဒါရ် ခရီး သည်နှင့် ကုန်စည်သယ်ယူ ပို့ဆောင် ရေး မော်တော်ယာဉ်လိုင်းများမှ တာဝန် ရှိသူများ

တက်ရောက်ကြပါသည်။အစည်းအဝေးတွင်   စခန်း တာဝန်ခံ ဦးတင်မိုးဆွေ (လက်ထောက် ညွှန်ကြားရေးမှူး)က ရိဒ်ကုန်သွယ် ရေးစခန်းသည် ကုန်သွယ်မှုပမာဏ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် အစဉ်အလာ ကောင်း
ရှိပါကြောင်း၊ အောက်တိုဘာ ၂၄ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဒသမ ၈၉၀ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၀၇ သန်းထိ ဆောင်ရွက်နိုင်သည့် အတွက် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ၂ ဒသမ ၉၉၇
သန်းအထိ ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်၍   အောက်တိုဘာ ကုန်သွယ်မှုပမာဏမှာ လျာထားချက်၏ ၁၃၀ ဒသမ ၃၀၄ ရာခိုင်နှုန်းအထိ ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လကုန်တွင် ယခုထက် ပိုမိုမြင့်မားလာ မည် ဖြစ်ပါကြောင်းနှင့် ဒေသအတွင်း
ရာသီဥတု ခြောက်သွေ့၍ လမ်းပန်း ဆက်သွယ်မှု ပိုမိုကောင်း မွန်လာပြီဖြစ် ၍ နောင်လာမည့် လများတွင် လျာထား ချက် ပြည့်မီကျော်လွန်ရေး ဥှ အဖွဲ့ဝင်ဌာနများ၊ ကုန်သည် လုပ်ငန်းရှင်များ၊ ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်
ရေး မော်တော်ယာဉ် လိုင်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊   ကျသင့်အခွန် ပေး ဆောင်ခြင်း   မရှိသည့်  တရားမဝင် ကုန်သွယ်မှုများ၊   ကန့်သတ်ကုန် ပစ္စည်းများ၊ မိမိစခန်းမှ ဖြတ်သန်း သွားလာမှု မရှိစေရေး
အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ မိမိဌာနအနေဖြင့် ကုန်သွယ်မှု လွယ်ကူ လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှု ဆိုင်ရာ အတားအဆီးများ မဖြစ်ပေါ်စေ ရေး၊ လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေရေးတို့အတွက် သက်ဆိုင်ရာ အုပ်
ချုပ်ရေး အဖွဲ့များ၊ ဌာနများ၊ ကုန်သွယ် ဖက်နိုင်ငံများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးနေပါကြောင်း၊ ကုန်သွယ် မှု မြှင့်တင်နိုင်ရေးအတွက် ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးနိုင်ပါရန် မြေပြင် တွင် ကြုံတွေ့နေရသော ကုန်သွယ်မှု ဆိုင်ရာ
အတားအဆီးများ၊ မိမိကုန် သည်လုပ်ငန်းရှင်များအပေါ် ဖိစီးမှုဖြစ် စေမည့် တစ်ဖက်နိုင်ငံ၏ မူဝါဒ၊ စည်း မျဉ်း နှင့် မြေပြင်ဆောင်ရွက်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် ဖြစ် ကြောင်း၊ ကုန်သွယ်မှု တိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက်   Re-
Export   Transit Trade ကဲ့သို့ ကုန်သွယ်မှု နည်းလမ်း များဖြင့် တိုးချဲ့ဆောင်ရွက်နိုင်မည့် ကုန် ပစ္စည်း အမယ်များ ဆောင်ရွက်လိုသည့် နည်းလမ်းများကို လေ့လာ တင်ပြပေး ကြရန် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။                    
 TMS

Agency Ministry of Foreign Affairs
Category General