မူဆယ်ကုန်သွယ်ရေးဇုန်မှသာ နနွင်းတက်တင်ပို့

အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ်တွင် မြန်မာ- တရုတ် နယ်စပ်ရှိမူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှအမေရိကန်ဒေါ်လာ ၄၉၉၉၆ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၆၇တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ကမူဆယ်မှ၈တန်နဲ့မြဝတီမှ၃၅တန်နီးပ ါး တင်ပို့ခဲ့တာကြောင့်ယခုတစ်ပတ်မူဆယ်ကုန်သွယ်ရေးဇုန်တစ်ခုတည်းမှသာနနွင်းအပို့ရှိပေမယ့်ယခင်တစ်ပတ်ထက်၂၄တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်  တစ်တန်ကို(ငွေလဲနှုန်းအရ) မိမိဘက် နိမ့်/မြင့် ပေါက်ဈေး ၉၆၀၅၀၄ - ၉၇၄၇၀၅ ကျပ် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
      မော်မော်အောင်
 

Agency Ministry of Foreign Affairs
Category General