အင်းတော် ဆင်း-၃ စပါးသစ်ပေါ်ချိန် ဈေးကောင်းရ

အင်းတော်မြို့နယ်၂၀၁၆၂၀၁၇မိုးစပါးဆင်း၃စပါးသစ်များစတင်ရိတ်သိမ်းပြီဖြစ်ပါတယ်။ယခုနှစ်ဆင်း၃စပါးသစ်တင်းတစ်ရာခြောက်သိန်းကျပ်နဲ့ဈေးဖွင့်ပြီးဆန်စက်ပိုင်ရှင်များဝယ်ယူသိုလှောင်မှုများရှိနေတယ်လို့သိရပါတယ်။
အင်းတော်မြို့နယ်ပြည်ပပို့ကုန် ဆင်း-၃ဆန်ကို ဗန်းမော်ကုန်သည်မှတစ်ဆင့်တရုတ်သို့တင်ပို့ကြတာဖြစ်ပြီးကသာဆိပ်ကမ်းချဈေးဖြတ်ကြတာ ဖြစ်ပါတယ်။တရုတ်တင်ပို့မှုတည်ငြိမ်မှုမရှိပေမယ့်ရေရှည်မှာအလုပ်ဖြစ်ကြတာများပါတယ်။ဒါကြောင့်ဆင်း၃ဆန်ကိုစက်ပိုင်ကုန်သည်လုပ်ငန်း ရှင်များ ဝယ်ယူသိုလှောင် လျက်ရှိနေတာ တွေ့ရပါတယ်။ လက်ရှိ ဗန်းမော် တရုတ်တင်ပို့မှု အနည်းငယ်သာ ရှိနေပြီး စပါးသစ်လည်း ဆွဲနေတာတွေ့ရ ပါတယ်။ ကသာဆိပ်ကမ်းချဈေး ဆင်း-၃ ဆန် ၁၀၈ပေါင်ဆန်တစ်အိတ်၂၃၅၀ဝကျပ်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ ကသာဆိပ်ကမ်း ဆန် ဈေးကွက်မှ သိရပါတယ်။ယခင်နှစ် ကာလတူဖွင့်ဈေးဆင်း၃စပါးသစ်တင်း၁၀ဝလျှင်၅၅၀ဝဝဝကျပ်၊ယခုနှစ်မှာ တင်း ၁၀ဝ ကို ၆၀ဝဝဝဝကျပ်နဲ့ဈေးဖွင့်လို့ယခုနှစ် အမြင့်ဈေးနဲ့  ဈေးကောင်းရလျက်ရှိပြီး  ဒေသတွင်းမှာ ဆင်း-၃ ဆန်တစ်အိတ်၂၆၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ရှိကြောင်း ဈေးကွက်မှ သိရပါတယ်။                                                        ကြည်နိုင်ဦး(အင်းတော်)
 

Agency Ministry of Foreign Affairs
Category General