ဆန်ကြမ်းဈေးကျပြီး အဝယ်လိုက်

ယခုတစ်ပတ်ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်ရဲ့ဆန်လက်ကားဈေးနှုန်းအရဆန်ချောဈေးငြိမ်ပြီးဆန်ကြမ်းဈေးအနည်းငယ်ကျဆင်းကြောင်း  သိရှိရပါတယ်။ဖျာပုံပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ်ကျပ် ၃၆၀ဝဝ နဲ့ လတ်စ တစ်အိတ်  ကျပ် ၃၃၀ဝဝ၊ ပုသိမ်/ မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ် ၃၆၅၀ဝ နဲ့ လတ်စ တစ်အိတ် ကျပ် ၃၃၀ဝဝ၊ နယ်စုံ ကျိုက်လတ် ထိပ်စ တစ် အိတ်ကျပ် ၃၃၀ဝဝ နဲ့ လတ်စ တစ်အိတ်ကျပ်၂၉၀ဝဝ၊ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၄၃၀ဝဝ မှ ကျပ် ၄၅၅၀ဝ နဲ့ ယခင်တစ်ပတ်အတိုင်း  ဈေးငြိမ်နေပါတယ်။ ဆန်ချောအဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိ နေတယ်လို့ သိရပါတယ်။ဧည့်မထ ဆန်ထိပ်စတစ်အိတ်လျှင်  ကျပ် ၁၈၅၀ဝ နဲ့ လက်စတစ်အိတ် ကျပ်၁၇၅၀ဝ ဈေးရှိပြီး ယခင်တစ်ပတ် ထက် တစ်အိတ်ကို ကျပ် ၅၀ဝ ခန့် ဈေးကျကြောင်း သိရှိရ ပါတယ်။ နွေသီးထပ်  ရှယ်တစ်အိတ်ကျပ် ၁၇၀ဝဝ မှ ကျပ် ၁၇၅၀ဝ၊ နွေဆန်ရက် ၉၀ တစ်အိတ်ကျပ် ၁၉၅၀ဝ မှ ကျပ် ၂၁၀ဝဝ၊ မနောသုခ  တစ်အိတ်ကျပ် ၂၃၀ဝဝ မှ ကျပ် ၂၄၀ဝဝ၊ အိတ်စ်ပို့ ၂၅ မှတ် ဧည့်မထဆန် တစ်အိတ် ကျပ် ၁၄၅၀ဝ မှ ကျပ် ၁၅၂၀ဝ နဲ့ဈေးငြိမ်နေပြီး ၂၅ မှတ် ဆန်ကြမ်းအဝယ်လိုက်နေတယ်လို့သိရပါတယ်။ဆန်သစ်ကတော့အဝင်အနည်းငယ်သာရှိပြီးအဟောင်းပဲ အဝယ် လိုက်ကြောင်း တရုတ်နိုင်ငံဘက်ကလည်း အဝယ်ပြန်လိုက် နေတဲ့အတွက် ဆန်ကြမ်းအရောင်းအဝယ် ကောင်းနေ တယ်လို့ ဝါးတန်းကုန်စည်ဒိုင်မှသိရပါတယ်။မူဆယ်ဆန်ဈေးကွက်မှာအရောင်းအဝယ်ပြန်ကောင်းနေပေမယ့်မူဆယ်မှာဆန်တွေပုံနေတာရယ်၊ တရုတ်ဘက်ကိုပဲ  အထွက်ရှိတာရယ်ကြောင့် ဆန်ဈေးက တစ်ဖက်နိုင်ငံ  ယွမ်ဈေးအရ ဈေးကျကြောင်း သိရှိရပါ တယ်။  ဧည့်မထ ၅ မှတ် မှော်ဘီနဲ့ စူပါတစ်အိတ်ကို ယွမ် ၁၂၀ မှ၁၂၃ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့ စူပါတစ် အိတ် ၁၁၇ ယွမ် မှ ၁၁၉ ယွမ်၊ ဧည့်မထ ၁၅ မှတ် မှော်ဘီ တစ်အိတ်  ၁၁၄ယွမ်မှ ၁၁၆ ယွမ်၊ ဧည့်မထ ၂၅ မှတ် မှော်ဘီ တစ်အိတ်ယွမ် ၁၁၀ မှ ၁၁၂ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၂၂ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၁၇ယွမ်မှ  ယွမ် ၁၂၀၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၀၈ ယွမ်မှ ၁၁၂ ယွမ်ဈေးရှိပြီးယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကိုပျှမ်းမျှလေးယွမ်မှရှစ်ယွမ်အထိဈေးကျကြောင်းသိရှိရပါတယ်။
မူဆယ်သို့ မြို့တွင်းနယ်စုံမှ ဆန်အဝင်မှာ အောက် တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ၅၂၄၇ တန် ရှိပါ တယ်။ယခင်တစ်ပတ်က ဆန်အဝင်မှာ ၂၇၈၇ တန်သာ ရှိပါတယ်။ယခုတစ်ပတ်မှာဆန်အရောင်းအဝယ်ပြန်ကောင်းလာတယ်လို့ မူဆယ် ဆန်ဈေးကွက်မှ သိရှိရပါတယ်။ နိုဝင် ဘာ ၄ ရက် ငွေလဲနှုန်းအရ ၁ ယွမ်လျှင် ၁၈၈ ကျပ် ဈေး ပေါက်ကြောင်း သိရှိရပါတယ်။                 ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General