ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အောက်တိုဘာလအတွင်း အနီးစပ်ဆုံးလထက်ဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့ပြီး ကော့စတာရီကာနိုင်ငံမှ ဈေးကွက်သစ်ရရှိ

အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရကအထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိကုန်သွယ်ရေးစခန်းများမှအမေရိကန်ဒေါ်လာ ၂ ဒသမ၈၀၇ သန်းတန်ဖိုးရှိ ဆန် ၇၇၀၅တန်တင်ပို့ခဲ့ရာမူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှငစိန်ဆန်၅၉၅တန်နဲ့ဧည့်မထဆန်၂၅၈၉ တန်၊ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှငစိန်ဆန်၇၃၆တန်ကျော်၊လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန်၃၇၈၅တန်ခန့်တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က၆၀၁၃တန်ကျော်တင်ပို့ခဲ့တဲ့အတွက်ယခုတစ်ပတ်မှာ၁၆၉၂တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။အောက်တိုဘာလတစ်လလုံးမှာ အဆိုပါကုန်သွယ်ရေးစခန်းများမှအမေရိကန်ဒေါ်လာ၁၀ဒသမ၉၅၄သန်းဖိုးရှိဆန်၂၉၃၈၁တန်တင်ပို့ခဲ့ပြီးအနီးစပ်ဆုံးစက်တင်ဘာလထက် ၆၄၇၅ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း အမေရိကန် ဒေါ်လာ၂ ဒသမ ၇၀၄ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၈၄၁၇ တန်တင်ပို့ခဲ့ပြီးအနီးစပ်ဆုံး စက်တင်ဘာလတင်ပို့မှုထက် တန်၆၇၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မမှ အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၈ သန်းတန်ဖိုးရှိဆန်ဖြူနဲ့ပေါင်းဆန် ၃၆၄၆ တန်ကျော်တင်ပို့ခဲ့ရာ  တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန် ၁၀၅၀ နဲ့ ငစိန်ဆန် တန် ၁၀ဝအီးယူနိုင်ငံသို့ ဧည့်မထဆန် တန်၁၀၅၀ နဲ့ငစိန်ဆန်တန်၁၀ဝ၊အီးယူနိုင်ငံများသို့ဧည့်မထဆန်၄၇၁တန်နဲ့ပေါင်းဆန်တန်၃၅၀၊စင်္ကာပူနိုင်ငံသို့ဧည့်မထဆန်၁၂၅တန်၊ဆွစ်ဇာလန်နိုင်ငံသို့ ဧည့်မထ ဆန် တန်  ၁၅၀ဝ၊  အမေရိကတိုက် အလယ်ပိုင်းနိုင်ငံဖြစ်သော ကော့စတာ ရီကာနိုင်ငံသို့ ငစိန် ဆန်တန် ၅၀ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်  တင်ပို့မှု ထက်  ၁၂၀၈ တန်  လျော့နည်းတင်ပို့ခဲ့သော်လည်း  ဈေးကွက်သစ်ဖြစ်တဲ့ကော့စတာရီကာနိုင်ငံသို့တင်ပို့ခြင်း ဖြင့်ဈေးကွက်ချဲ့ထွင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအောက်တိုဘာလတစ်လလုံးမှာအမေရိကန်ဒေါ်လာ ၃ ဒသမ ၆၃ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၁၀၂၅၀ တန် ကျော် တင်ပို့ခဲ့တဲ့အတွက် အနီးစပ် ဆုံး လနဲ့နှိုင်းယှဉ်ပါက ၇၃၈၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါတယ်။အောက်တိုဘာ၂၃ရက်မှ၂၉ရက်အတွင်းပင်လယ်ရေကြောင်းကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉၅ သန်းတန်ဖိုးရှိ ဆန်ကွဲ ၇၂၇၅ တန်ကိုအီးယူနိုင်ငံများသို့တင်ပို့ ခဲ့တယ်။ ယခင်တစ်ပတ်က၆၉၇၅တန်သာတင်ပို့နိုင်ခဲ့တဲ့အတွက်ယခုတစ်ပတ်မှာတန်၃၀ဝပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။အောက်တိုဘာလတစ်လလုံးမှာ အမေရိကန်ဒေါ်လာ၄သမ၄၀၄သန်းတန်ဖိုးရှိဆန်ကွဲတန်၁၆၁၀ဝတင်ပို့ခဲ့ပြီးအနီးစပ်ဆုံးလထက်၁၃၀၁၃တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၉၆၃ သန်းတန်ဖိုးရှိ ဆန်နဲ့ဆန် ကွဲ နှစ်ရပ်ပေါင်း ၅၇၈၂၁၄ တန် တင်ပို့ ခဲ့ပြီးဖြစ်ပါတယ်။ယင်းနှစ်ရပ်ပေါင်းအနက်ဆန်ကိုတန်ချိန်၄၂၅၉၂၄တန်တင်ပို့ခဲ့ပြီးဆန်ကွဲတန်ချိန် ၁၅၂၂၉၀တင်ပို့နိုင်ခဲ့ပါတယ်။ ယမန်နှစ်ကာလတူ ကဆန်နဲ့ဆန်ကွဲနှစ်ရပ်ပေါင်း ၇၈၀ဝ၁၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုနှစ်မှာ ၂၀၁၈၀၃ တန် လျော့နည်းနေကြောင်း သိရှိရပါတယ်။
ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General