စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ချက်သမ္မတနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးH. E. Mr. Jan Mla’dekဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် အောက်တိုဘာလ ၃၁ ရက်က ချက် သမ္မတ နိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးH. E. Mr. Jan Mla’dekု ဦး ဆောင်သောကိုယ်စားလှယ်အဖွဲ့ အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံခဲ့သည်။တွေ့ဆုံဆွေးနွေးရာတွင်နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍတိုးတက်စေရန်ပူးပေါင်းဆောင်ရွက်ရေး၊ ချက်သမ္မတနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များမြန်မာနိုင်ငံသို့လာရောက်၍ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရေးအတွက်တွန်းအားပေးသွားရေး၊ မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍနှင့်အသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နည်းပညာအကူအညီပေးရေး၊စားသုံးသူအကာအကွယ်ပေးရေးကိစ္စရပ်များ၊ အစိုးရချင်း သာမက ပုဂ္ဂလိကကဏ္ဍများအကြား အပြန်အလှန် ဆက်ဆံမှုများ  ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ပြည်ပဈေးကွက်သစ်များ ရှာဖွေနိုင်ရန်အလို့ငှာ နှစ်နိုင်ငံအကြားကျင်းပသည့်ကုန်စည်ပြပွဲများသို့လုပ်ငန်းရှင်များပါဝင်ပြသနိုင်ရေးအတွက်အားပေးသွားရန်တို့ကို  ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေး နွေးခဲ့ကြသည်။အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။                         MOC (HR)
 

Agency Ministry of Foreign Affairs
Category General