ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်ကုန်သွယ်မှုလျော့နည်းရသည့်အကြောင်းရင်း၊ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်တရားမဝင်ကုန်သွယ်မှုတားဆီးရမည့်အခြေအနေနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက်အမှာစကားပြောကြား

ကုန်သွယ်မှုလျော့နည်းရသည့်အကြောင်းရင်း၊ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်တရားမဝင်ကုန်သွယ်မှုတားဆီးရမည့်အခြေအနေနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးပွဲကိုနိုဝင်ဘာလ၂ရက်ကနေပြည်တော်၊ဟိုတယ်ဇုန်ရှိHiltonHotel၌ကျင်းပပြုလုပ်ရာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်တက်ရောက်အမှာစကားပြောကြားသည်။ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင်နယ်စပ်
ကုန်သွယ်ရေးလမ်းကြောင်းများမှနေ၍တရားမဝင်သွင်းကုန်များကိုပိုမိုတင်သွင်းလာကြခြင်းနှင့်ပြည်တွင်းမှအဖိုးတန်ထွက်ကုန်များကို ပိုမိုတင်ပို့နေကြခြင်းများအားတားဆီးထိန်းချုပ်အရေးယူရန်စီမံဆောင်ရွက်ထားခြင်းရှိ/မရှိကြယ်ပွင့်ပြမေးခွန်းမေးမြန်းချက်နှင့်ပတ်သက်၍ ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုများအား ထိရောက်စွာ တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၊ကုန်သည်လုပ်ငန်းရှင်များအပိုင်းမှလည်းတာဝန်ယူမှု၊တာဝန်ခံမှု၊တာဝန်သိမှုတို့ဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ယခုနှစ်မိုးစပါးပေါ်ချိန်တွင်
စပါးဈေးနှုန်းများ ကျဆင်း နေမှုနှင့် စပ်လျဉ်း၍ မိမိဦးဆောင်ပြီး သက်ဆိုင်ရာဆန်စပါး အသင်းအဖွဲ့များ၊ ပြည်ပသို့ဆန်အများဆုံး တင်ပို့သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါကြောင်း၊ တောင်သူများ ထုတ်လုပ်မှု စရိတ်ကာမိစေရေးအတွက် နိုဝင်ဘာလအတွင်း စပါးအတိုင်း ပြည်ပသို့ ယာယီ အစီအစဉ် ဖြင့် တင်ပို့ခွင့်ပြုပေးသွားမှာဖြစ်ကြောင်းပြောကြားသည်။ထိ ု ့နောက် တက်ရောက်လာကြ သော ပြည်နယ်နှင့်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊အဖွဲ့ဝင် စီမံ/စီးပွားဝန်ကြီးများကမိမိတို့ဒေသအတွင်းကုန်စည်စီးဆင်းနေမှုနှင့်တွေ့ကြုံနေရသည် ့ အခက်အခဲများ၊ကုန်သွယ်မှုလုပ်ငန်းများတွင်ပါဝင်လုပ်ဆောင်အကောင်အထည်ဖော်ဆောင်နေမှုတို့အားရှင်းလင်းတင်ပြကာပြည်ထောင်စုဝန်ကြီး
က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။          MOC(HR)                                                                           
 

Agency Ministry of Foreign Affairs
Category General