လက်မှတ်အတု၊ မှတ်ပုံတင်အတုဖြင့် မော်တော်ယာဉ်လိုင်စင် လျှောက်ထားမှုအား အရေးယူဆောင်ရွက်

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တွင် အောက်တိုဘာ ၂၁ ရက်နေ့က လက်မှတ်အတု၊ မှတ်ပုံတင် အတုဖြင့် မော်တော်ယာဉ်လိုင်စင်လျှောက်ထားလာသည့် အမျိုးသမီးနှစ်ဦးအား စစ် ဆေး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ထိုနေ့ နံနက် ၁၀;၃၀ အချိန်က မော်တော်ကားပါမစ် လျှောက်ထားသူ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူတစ်ဦးမှ တင်ပြလာသော စာရွက်စာတမ်းများကို စိစစ်ရာ တွင် ယာဉ်တင်သွင်းသူအဖြစ် လက် မှတ်အတု ရေးထိုးပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် အသက်မပြည့်သေး သူမောင်ဇင်မျိုးအောင်၏ ဓာတ်ပုံအားအစားထိုးလဲလှယ်ကပ်၍ လာရောက်လိမ်လည်လျှောက်ထားခဲ့သည်ကို စစ် ဆေး တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မော် တော်ယာဉ်လာရောက် လျှောက်ထား သူ ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မှတ်ပုံ တင်အတုပြုလုပ်ဆောင် ရွက်ပေးသူဒေါ်နှင်းနှင်း(ခေါ်) ဒေါ်သက်မာဦးတို့ အား ဥဒေအရ အရေးယူပေးပါရန် ပန်းဘဲတန်းမြို့နယ် မြို့မရဲစခန်းသို့ အမှု ဖွင့် တိုင်တန်းခဲ့ပြီး အောက်တိုဘာ ၂၁ ရက်နေ့ ၂၂ါ်၂၅ အချိန်တွင် ပန်းဘဲ တန်းမြို့မရဲစခန်းမှ (ပ) ၂၈၄/၂၀၁၆၊ရာဇသတ်ကြီးဥပဒေပုဒ်မ၄၂၀/၄၆၈ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ပို့ကုန် သွင်းကုန်(ရန်ကုန်)

Agency Ministry of Foreign Affairs
Category General