ပြည်ဈေးကွက်မှာ လုံးဆန် ဈေးပြန်မြင့်


ယခုတစ်ပတ် ပြည်ဈေးကွက်တွင်  ဆီဆန်ဈေးငြိမ်နေပြီး လုံးဆန်ဈေးမှာ အဝယ်ပြန်လိုက်လာ၍ ဈေးပြန်မြင့်လာတာ တွေ့ရပါတယ်။  ဆီဆန်ကို  ဆီစက် သမားများက အဝယ်ရှိနေသော်လည်း ဈေးငြိမ်နေပါတယ်။ လုံးဆန်အဖြူနဲ့အနီတကို မန္တလေးဝယ်လက်များက အဝယ်ရှိနေသဖြင့် ယခင်တစ်ပတ်နဲ့  နှိုင်းယှဉ်လျှင် ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ အောင်လံ၊ ဝက်ထီးကန်နဲ့ ပေါက်ခေါင်းဘက်မှ တစ်နေ့ လျှင် မြေပဲဆန်  အိတ် ၁၀ဝဝခန့်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာလျှင် ၁၄၅၀ ကျပ်ဖြင့် ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး မြေပဲလုံး ဆန် (အဖြူ) တစ်ပိဿာလျှင်  ကျပ် ၂၀ဝဝ ဖြစ်ပြီး ယခင်တစ်ပတ်ထက်စာလျှင် ၁၅၀ ကျပ်ခန့်ဈေးမြင့်သလို လုံးဆန်(အနီ) တစ် ပိဿာလျှင် ၂၂၇၅ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ၂၂၅ ကျပ်ဈေးပိုလာတာတွေ့ရပါ တယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ ဖြင့်
ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ် နေတာတွေ့ရပါတယ်။                                                                           ဝေဝေမင်း
 

Agency Ministry of Foreign Affairs
Category General