ပြည်ဘိုကိတ်ဈေးအေးပြီး ယခင်နှစ်ကဈေးအတိ်ုင်းသာ အရောင်းအဝယ်ဖြစ်


ပြည်ပဲဈေးကွက်အတွင်း  လက်ကျန်ပဲအချို့နဲ့ လက်လီသာ အရောင်းအဝယ်ဖြစ်ခဲ့လို့  ဘိုကိတ်ပဲ သီးနှံအနေဖြင့် တစ်ရက်ကို ၁၀ အိတ်ကျော်  အိတ်၂၀ ခန့် ရောင်းဝယ်မှု ရှိခဲ့ကြပြီး ပဲဈေးမှာ တစ်တင်း ၄၅၀ဝ ကျပ်မှ ၂၅၅၀ဝ ကျပ်ဖြင့်ဈေး အနည်းငယ် ပိုလာခဲ့ပါတယ်။ လက်လီပဲဈေးထဲမှာ ပဲလွန်းဖြူ၊ ပဲနီပြား စသည့် သီးနှံများနည်းတူ ဘိုကိတ် သီးနှံဟာလည်း ဈေးနှုန်းအတူတူရှိနေခဲ့ကြတာကို တွေ့ရပါတယ်။ ၎င်းပဲများ အားလုံးလိုလိုဟာ ပဲပေါ်ချိန် ကာလများတွင်သာလက် လီ၊ လက်ကား အရောင်းအဝယ် ဖြစ်ခဲ့ကြပေမယ့် ပဲအဝင်ပါးလာပြီး လက်ကျန်နည်းလာချိန်များမှာတော့ လက်လီသမားအချို့ဖြင့်သာ နေ့စဉ် ရာင်းဝယ်ခဲ့ကြရတဲ့ ပဲသီးနှံများ ဖြစ်ခဲ့ကြ ပါတယ်။ ဘိုကိတ်ပဲသီးနှံရဲ့ ယခင်နှစ်အောက်တို ဘာလ ဈေးနှုန်းမှာလည်း တစ်တင်း ၂၄၀ဝဝ ကျပ် သာရရှိ ပြီး နောက်ပိုင်းကာလများမှာ ဈေးမြင့်တက်လာလို့ နှစ်ကုန်ပိုင်း တွင် ကျပ်သုံးသောင်းအထိ မြင့်တက်လာတဲ့အတွက် ယခုနှစ် မှာလည်း ယခုအချိန်ဈေးအေးနေခဲ့ပေမယ့် နှစ်ကုန်တွင် ဈေးဆက်ကောင်းလာ လား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ခင်ဆွေဝင်း
 

Agency Ministry of Foreign Affairs
Category General