အောက်တိုဘာလကုန်ပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပဲအများစု ဈေးဆက်ငြိမ်နေသလို မတ်ပဲနဲ့ ပဲစင်းငုံ ဈေးဆက်လျော့ပြီး ပဲတီစိမ်းဈေး အနည်းငယ်မြင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံ  ဈေးကွက်အတွင်း အောက်တိုဘာလကုန်ပတ်မှာ ပဲဈေးအားလုံးလိုလို ဈေးအေး ခဲ့တာကိုတွေ့ရပြီး  ကုလားပဲသီးနှံတစ်မျိုးသာ  မျိုးပဲများဝယ် ယူလို့ ဈေးမြင့်တက်လာခဲ့ပါတယ်။ပြည်ပဝယ်လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများထဲမှပဲတီစိမ်းသီးနှံသာယခင်တစ်ပတ်အတိုင်းဈေးဆက်ငြိမ်နေပြီးမတ်ပဲနှင့်ပဲစင်းငုံကတော့ဈေးဆက်လက်ကျဆင်းခဲ့ပါတယ်။  မတ်ပဲသီးနှံမှာ နေ့စဉ်ပဲအဝင်မရှိတော့ပေမယ့် တစ်ခါ တစ်ရံ အိတ်၁၀ဝ ကျော်ဝင်ရောက်နေပြီး လက်ကျန်လည်းရှိတဲ့ အတွက် ဝယ်ယူမှုရှိသလောက် ရောင်းချနိုင်ပေမယ့် ယခု ရက်ပိုင်းမှာ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ  ရက်ခြားသာ အိတ် ၁၅၀ ကျော် ၂၀ဝ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ပဲဈေးမှာ တစ်တင်း၄၅၅၀ဝကျပ်မှယခုလကုန်ရက်မှာတစ်တင်းကျပ်၄၄၅၀ဝခန့်သာရရှိခဲ့ကြပါတယ်။ ယခင် နှစ်ကာလ တူက  ပဲဈေးနှုန်းစံချိန်တင်မြင့်တက်ခဲ့လို့   တစ်တင်း ခုနစ် သောင်းကျော်ရရှိခဲ့ပေမယ့် ယခုနှစ်မှာတော့
မျိုးပဲဝယ်ယူမှု လည်းအေးနေခဲ့သလို ပဲဈေးနှုန်းလည်း အေးနေခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းသီးနှံမှာ မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ် များမှ ဝင်ရောက်မှုများလာလို့ အိတ် ၂၀ဝ ကျော် ၃၀ဝ ဝင်ရောက်လာခဲ့ပြီးမန္တလေးလိုင်းသမားများ နေ့စဉ်ဝယ်ယူခဲ့တဲ့ အတွက် ဝင်လာသမျှ အိတ် ၂၀ဝ ကျော် ၃၀ဝ ရောင်းချခဲ့ရပါတယ်။ပဲဈေးနှုန်းမှာလလယ်မှစ၍ဈေးအနည်းငယ် မြင့်တက် လာလို့ လဆန်းရက်က ရရှိ ခဲ့တဲ့ဈေးနှုန်းထက်လည်းဈေးပိုရ ခဲ့ပေမယ့် ယခင်နှစ်ဈေးနှုန်းကိုတော့ မမီသေးကြောင်း သိရပါ တယ်။ ပဲစင်းငုံသီးနှံမှာလည်း  လက်ကျန်ပဲအနည်းငယ်ရှိမှု အပေါ် ရန်ကုန်ဝယ်လက်သမားများနှင့်  ရက်ခြားစုဆောင်း ဝယ်ယူလို့ အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ  အိတ် ၂၀ဝ ကျော် ဖြစ်ခဲ့ကြပြီး ပဲဈေးနှုန်းမှာတော့  ဈေးအနည်းငယ်ပြန်လျော့ သွားတဲ့အတွက် တစ်တင်းကျပ် ၃၂၀ဝဝ နဲ့သာရောင်းဝယ်ခဲ့ကြ ပါတယ်။ ယခင်နှစ် အောက်တိုဘာလအတွင်းက ပဲလက်ကျန် မရှိသလောက်ဖြစ်ခဲ့လို့အရောင်းအဝယ် တောင်မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ ယခုလအတွင်း ပဲစင်းငုံသီးနှံဈေးမှာ လဆန်း ရက်က တစ်တင်း ကျပ် ၃၇၀ဝဝ ဈေးရရှိခဲ့သော်လည်း လ လယ်မှစ၍ ပဲဈေးကျဆင်းလာခဲ့ပြီး ယခုအချိန်အထိလည်း ပဲဈေးနှုန်းက
ဈေးကျဆင်းနေတာကိုတွေ့ရပါတယ်။ ပြည်တွင်းဝယ်လက်ပဲများဖြစ်သော ပဲကြီးသီးနှံဟာ ပဲအဝင်ပါးသွားလို့ တစ်ခါတစ်ရံ ဝင်ရောက်လာသည့်ရက်မျိုး တွင် အိတ် ၁၀ဝ မှ ၁၅၀ ကျော်ဝင် ရောက် ခဲ့တာကိုတွေ့ရပါ တယ်။
ပဲကြော်ဖိုသမားများမှ နေ့စဉ်အဝယ်ရှိတဲ့အတွက် ဝင် ရောက်လာသောပဲများလည်း ရောင်းချရသလို ပဲလက်ကျန် များလည်း ရောင်းချရတယ်လို့ သိရပါတယ်။ ပဲဈေးမှာဈေးငြိမ် နေတဲ့အတွက် ယခင်တစ်ပတ်ဈေးအတိုင်း (ရွှေကျွန်း) တစ်တင်း၂၆၅၀ဝ ကျပ်၊(ကမ်းနား) တစ်တင်း ၂၃၅၀ဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူက ပဲကြီးဈေးနှုန်းများဟာ ကျပ်သုံးသောင်းကျော်ရရှိနေခဲ့တဲ့အတွက်ယခုနှစ်ကတော့ကျပ်သုံးသောင်းအောက်သာလျော့နည်းရရှိခဲ့လို့ဈေးအေးတဲ့ပဲအမျိုးအစားထဲမှာ  ပဲကြီးသီးနှံ လည်း ပါဝင်နေတဲ့လို့ ဆိုရမှာဖြစ်ပါတယ်။ ပြည်တွင်းလက်လီပဲဈေးကွက်ထဲမှာတော့ ပဲပုပ်သီးနှံ ဟာ တစ်တင်း ၂၂၀ဝဝ ကျပ်နဲ့ ဈေးငြိမ်ပြီး လက်လီအိတ် အနည်းငယ်အရောင်းအဝယ်ဖြစ်ခဲ့ကြသလို ပဲနီပြားသီးနှံဟာ လည်း တစ်တင်းကျပ် ၂၄၀ဝဝ ဖြင့် ဈေးငြိမ်ပြီး အိတ်အရေ အတွက်လည်း အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြ ပါတယ်။ စားတော်ပဲသီးနှံကတော့လက်လီပဲဈေးကွက်ထဲမှာဈေးအမြင့်ဆုံးရနေသလိုပြည်ပဝယ်လက်ပဲအချို့ထက်တောင်ဈေးပိုရနေတာကိုလည်း တွေ့ရပါတယ်။စားတော်ပဲသီးနှံဈေးဟာယခုတစ်ပတ်မှာတစ်တင်း၃၈၅၀ဝကျပ်ဖြင့်ဈေးအမြင့်နဲ့ဈေးဆက်ငြိမ်နေသော်လည်းထောပတ်ပဲသီးနှံ ကတော့ ပဲဈေးကွက်အတွင်း ဈေးအနိမ့်ဆုံးရနေတာ ကြောင့် တစ်တင်း ၁၃၅၀ဝ ကျပ်ဈေးဖြင့်သာ လက်လီသမားအနည်း ငယ် အဝယ်ရှိခဲ့တာကိုတွေ့ရပါတယ်။
ခင်ဆွေဝင်း

Agency Ministry of Foreign Affairs
Category General