ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် International Trade Weekend Course Batch (1) သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြား

 International  Trade Basic Course Batch (1) (Weekend Program)  သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက် နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်း ထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ပဉ္စမထပ်၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တက်ရောက်အမှာစကား ပြောကြားသည်။  ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့်အတွက်
သိသာမြင်သာသော တိုးတက်မှုများ ရရှိလာပြီဖြစ်ကြောင်း၊  မိမိ ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုဖြေလျော့ပေး ခြင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်၊ ကုန်သွယ်မှုမြှင် ့တင်ရေးဆိုင်ရာလုပ်ငန်းနယ်ပယ်၊ကုန်သွယ်မှုလုပ်ငန်းလျင်မြန်ချောမွေ့စေရေးလုပ်ငန်းနယ်ပယ်၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းနယ်ပယ်၊ ကုန်သွယ်မှု ပညာပေးရေး လုပ်ငန်းနယ် ပယ်တို့ကိုဦးစားပေးဆောင်ရွက်ခဲ့သည့် အတွက် ကုန်သွယ်မှုကဏ္ဍတွင် တိုး တက်လာသည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ယခု သင်တန်းသို့ တက်ရောက် ခဲ့ကြသော သင်တန်းသားများအား ကုန် သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နှင့် အရည်အသွေးမြင့်မားပြီး စီးပွား ရေးကျင် ့ဝတ်ကောင်းသော လုပ်ငန်းရှင် များ၊ လုပ်ငန်းအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်အတွက် ကုန်သွယ်မှု ဆိုင်ရာလုပ်ငန်း ဘာသာရပ်များကို သင်ကြားပေးခဲ့ပြီး ယခုသင်တန်းမှာ သင်တန်းကာလအတွင်း ပြည်တွင်း ပြည်ပ စီးပွားရေးပညာရှင်များ၏  Bus-iness Talk  စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများကို ကုန်သွယ်မှု အတွေ့အကြုံများ ကျယ်ပြန့်နိုင်ရေးအတွက် ပြုလုပ်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချသည့် ဘာသာရပ် များအား ပြည်တွင်းပြည်ပ ကုန်သွယ်ရေး ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများ၊လုပ်ထုံးလုပ်နည်းများကို ပြန်လည် အသုံးချကာ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးစေ ရေးအတွက် အထောက်အကူပြု ဆောင် ရွက်သွားကြရန် စသည်ဖြင့် ပြောကြား သည်။ထို့နောက် သင်တန်းဆင်းလက် မှတ်များအား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ သင်တန်းသား/သူများက လက်ခံရယူပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက သင်တန်းတွင် ဆုရရှိကြသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။ ထို့ နောက် သင်တန်းသားတစ်ဦးက ကျေး ဇူးတင် အမှာစကား ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်း သား/သူ ၆၃ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၃ ပတ်
ကြာမြင့်ခဲ့ကြောင်း သတင်းရရှိ သည်။
သာလင်း

Agency Ministry of Foreign Affairs
Category General