ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးလောက ဖွံ့ ဖြိုးတိုးတက်ရေး ခေတ်မီစပါးအခြောက်ခံစက်များ ပြောင်းလဲ တပ်ဆင်အသုံးပြု


ဆန်စပါးအများဆုံး စိုက်ပျိုး ထုတ်လုပ်လျက်ရှိသော  ဧရာဝတီ တိုင်းဒေသကြီးအတွင်း လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊
နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ ဆန် အရည်အသွေး မြင့်မားပြီး ဈေးကွက် ဝေစု ကျယ်ပြန့်လာစေရန် ခေတ်နှင့် အညီ အရည်အသွေး မြင့်မားသော ဆန်စက် ယူနစ်များ အစားထိုး တပ်ဆင် လျက်ရှိသည့်အပြင် ခေတ်မီစပါးအခြောက်ခံစက်များကို ပြောင်းလဲ တပ်ဆင် အသုံးပြုလျက်ရှိရာ ပုသိမ် ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂရက် ကျေးရွာ၊ အောင်သိဒ္ဓိ ဆန်စက်တွင် တရုတ် (တိုင်ပေ)နိုင်ငံ  SAN SHWE Agricultural Machinery Science & Technology Co.,Ltd မှထုတ် လုပ်သော တန် ၂၀ ကျ စပါး အခြောက်ခံ စက်နှစ်လုံးကို တပ်ဆင်လျက်ရှိကြောင်း  ဆန်စက်ပိုင်ရှင် ဦးမောင်မောင်ခင်က ပြောပါတယ်။စပါးအခြောက်ခံစက်မှာ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံများမှ ဝင်ရောက်မှုရှိသော်လည်း တရုတ်(တိုင်ပေ) နိုင်ငံထုတ် စပါးအခြောက်ခံ စက်မှာ လူကြိုက်များပြီး သုံးတန်ခွဲ၊ ၁၂ တန်၊ တန် ၃၀၊ တန် ၁၃၀အထိ အရွယ်အစားအမျိုးမျိုးရှိ၍ ပုသိမ်မြို့ ပေါ်ရှိ ဆန်စက်များတွင်လည်း ဝယ်ယူ အသုံးပြုလျက်ရှိကြောင်း၊ ယခင်က ကားလမ်းဘေးတွင်စပါးလှမ်းရာ၌ အချိန်ကုန်၊ ငွေကုန်၊ လေလွင့်မှုများ ရှိပြီး၊ ယခုစပါး အခြောက်ခံစက်ကို အသုံးပြုခြင်းဖြင့် အစိုဓာတ်ကို လျှော့ ချနိုင်သည်သာမက အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ၊ အမှိုက်၊ အညှာများကိုပါ မှုတ်ထုတ်ပေးသည့် အတွက် စပါးများ ပို၍သန့်စင်သွားပြီး ဆန်အရည်အသွေး ပိုမိုမြင့်မားလာမှာဖြစ်ကြောင်း၊ ဧရာ ပုသိမ်ဖွံ့ဖြိုးမှု အများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက်မှ ကိုယ်စား လှယ်ယူ တင်သွင်း၍ ရောင်းချပေးလျက် ရှိသည့်အပြင် အသေးစိတ် ထပ်မံ သိရှိလိုပါက ကုမ္ပဏီရုံးအမှတ်-ဝ၄၂ -၂၂၅၆၉၊ ၂၂၅၅၁ သို့လည်း ဆက် သွယ်မှာယူနိုင်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။   
မင်းမင်းဦး - ပုသိမ်
 

Agency Ministry of Foreign Affairs
Category General