ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၁၄ ရက်အထိ ရော်ဘာစိမ်း တန်လေးသောင်းရှစ်ထောင်ကျော် တင်ပို့

အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၈၁ တန်ခန့် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် ၁၂၂ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှRSS 1    ၄ တန်၊RSS 3 ၉၀၅ တန်နီးပါး MSR 20၃၆၆ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေး မှာRSS 3 တစ်တန်ကိုကျပ်၁၆ဒသမ၁၈၂သိန်းဖြစ်ပြီးယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ပါကတစ်တန်ကိုကျပ်၃၄၈၀ဝကျဆင်းခဲ့ကြောင်းသိရှိရပါတယ်။ မော်လမြိုင်ဒေသရှိ ရော်ဘာဈေးမှာ RSS 3  တစ်တန်ကျပ် ၁၄ ဒသမ၈၉ သိန်းနဲ့RSS 5 တစ်တန်ကျပ် ၁၂ ဒသမ ၆၈ သိန်းရှိကြောင်း သိရှိရပါတယ်။အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်အထိကာလအတွင်းပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုညဒသမ ၇၆၂ သန်းဖိုးရှိ ရော်ဘာ ၅၈၄တန်ကို မလေးရှား၊ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ မလေးရှား နိုင်ငံသို့RSS 3 ၅၃၉ တန်၊ ဂျပန်နိုင်ငံသို့MSR 20  ၂၉ တန်၊ အင်ဒိုနီးရှားနိုင်ငံသMSR 10၁၆ တန် တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၅၁၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ရော်ဘာစိမ်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၇၅၅ သန်းတန်ဖိုးနဲ့ တန်ချိန် ၄၈၇၉၅
ကျော်ဖြစ်ပါတယ်။ကာလတူတင်ပို့မှုနဲ့နှိုင်းယှဉ်ပါက၃၉၇၅တန်ကျော်ပိုမိုတင်ပို့ထားနိုင်ကြောင်းသိရှိရပါတယ်။ယခုတစ်ပတ်အတွင်းနိုင်ငံတကာရော်ဘာပေါက်ဈေးတစ်တန်လျှင်ဒေါ်လာ၅၀ကျော်ဈေးတက်လာကြောင်းသိရှိရပါတယ်။
ဒါကြောင့်ပြည်ပတင်ပို့မယ့်မြန်မာ့ရော်ဘာဈေးလည်းတစ်တန်လျှင်ဒေါ်လာ၅၀တိုး၍တင်ပို့သင့်ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဈေးနှုန်းထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှထုတ်ပြန်ခဲ့တဲ့ဈေးနှုန်းများကိုဖော်ပြပေးလိုက်ပါတယ်။
RSS 1  တစ်တန်လျှင်  ဒေါ်လာ        ၁၄၅၀-၁၅၅၀-RSS 2   တစ်တန်လျှင်  ဒေါ်လာ    ၁၄၀ဝ-၁၅၀ဝ-RSS 3   တစ်တန်လျှင်  ဒေါ်လာ    ၁၃၅၀-၁၄၅၀-RSS 4   တစ်တန်လျှင်  ဒေါ်လာ    ၁၃၀ဝ-၁၄၀ဝ-RSS 5   တစ်တန်လျှင်  ဒေါ်လာ    ၁၂၅၀-
၁၃၅၀-MSR (3)L  တစ်တန်လျှင်  ဒေါ်လာ    ၁၆၀ဝ-၁၇၀ဝ -MSR 10  တစ်တန်လျှင်  ဒေါ်လာ    ၁၃၅၀-၁၄၅၀-RSS 4     တစ်တန်လျှင်  ဒေါ်လာ    ၁၃၀ဝ-၁၄၀ဝ-MSR 50   တစ်တန်လျှင်  ဒေါ်လာ    ၁၂၀ဝ-၁၃၀ဝ-Crepe Rubber   တစ်တန်လျှင်
 ဒေါ်လာ    ၁၁၅၀-၁၂၅၀ -Mixtures of    တစ်တန်လျှင်  ဒေါ်လာ    ၁၄၀ဝ -၁၅၀ဝ-Natural Rubber andSynthetic  Rubber(99% RSS-3,1% SBR 1502)Mixtures of   တစ်တန်လျှင်  ဒေါ်လာ    ၁၇၀ဝ -၁၈၀ဝ-Natural Rubber MSR-3L and
Synthetic  Rubber(97.5% MSR-3L,2.5% SBR 1502)Concentrate Latex 60% DRCတစ်တန်လျှင်  ဒေါ်လာ     ၁၀၁၀- ၁၀၆၀
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General