ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော်ရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ၇၃၂ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ ၂၉၈ ဒသမ၂၉၆သန်းရရှိအောင်ဆောင်ရွက်နိုင်တဲ့အတွက်စုစုပေါင်းကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ ၄၆၃ ဒသမ ဝ၂၈ သန်းရှိခဲ့ပါတယ်။ ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၃၃ ဒသမ ၅၆၄ သန်းဖြစ်ပြီးထိုသို့လိုငွေပြရခြင်းမှာ ချုပ်ပြီးအဝတ်အထည်နဲ့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုလျော့နည်းခဲ့တာကြောင့်ဖြစ်ပါတယ်။ရက်သတ  ္တပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၀၇ ဒသမ ဝ၄၁ သန်းဖိုး တင်ပို့ပြီး သွင်းကုန် အမေ ရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၂၈ သန်းဖိုး တင်သွင်းခဲ့တဲ့အတွက် ကုန်သွယ်မှု လိုငွေမှာအမေရိကန် ဒေါ်လာ ၁၂၈ ဒသမ ၃၈၇ သန်း ဖြစ်ပါတယ်။ ကုန် ကုန်သွယ်ရေးစခန်းများမှ ပို့ကုန် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၆၉၁ သန်း၊ သွင်းကုန်တင်သွင်းနိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၈၆၈ သန်းဖြစ်တဲ့အတွက်ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၇၇ သန်းဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုကဏ္ဍတစ်ရပ်လုံး အနေနဲ့ ကုန်သွယ်မှုလိုငွေမှာ ၁၃၃ ဒသမ ၅၆၄ သန်းဖြစ်ပါတယ်။ယခုဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၅၂ ဒသမ ၃၉၂ သန်း၊ ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ၂၃၂၂ဒသမ၇၇၆သန်းစုစုပေါင်းပို့ကုန်တင်ပို့မှုအမေရိကန်ဒေါ်လာ၆၀၇၅ဒသမ၁၆၈သန်းဖြစ်ပါတယ်။သွင်းကုန်တင်သွင်းမှုအနေနဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိ ကန်ဒေါ်လာ ၆၅၀၂ ဒသမ၉၀၄သန်း၊ကုန်သွယ်ရေးစခန်းများမှသွင်းကုန်အမေရိကန်ဒေါ်လာ ၁၄၆၇ ဒသမ ၅၂၄ သန်း စုစုပေါင်းသွင်းကုန် တင်သွင်းမှု တန်ဖိုးအမေရိကန်ဒေါ်လာ ၇၉၇၀ ဒသမ ၄၂၈ သန်း ဖြစ်ပါ တယ်။ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု နှစ်ရပ်လုံးရဲ့ စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၀၄၅ ဒသမ ၅၉၆ သန်း ဖြစ်ပါတယ်။ ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General