ပရဆေးကုန်ကြမ်း ပုံမှန်တင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ သီတင်းပတ်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၆၆ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၁၄ မျိုးကို တန်ချိန် ၉၀ဝ ကျော်အထိ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်တွေကတော့ တောချင်း၊ ချင်းခြောက်၊ ဆီးသီးခြောက်၊ ဆီးဆန်၊ ကွမ်းသီးခွံ၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ ဆေးမြင်းခွာ၊ စမုံနက်၊ နနွင်းတက်၊ ချဉ်ပေါင် ဖာလာ၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့နဲ့ နေလဲစေ့ တို့ဖြစ်ပါတယ်။ ယခင်တစ်ပတ်က တန် ၉၀ဝ ကျော် တင်ပို့ခဲ့တာကြောင့် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပရဆေးတင်ပို့မှု ပုံမှန်ရှိတယ်လို့ ဆိုရပါမယ်။မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝဝ၆ သန်း တန်ဖိုးရှိ တောင်လုံးကျော် တန်ဝက်ကျော် တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။
မော်မော်အောင်

Agency Ministry of Foreign Affairs
Category General