သစ်သီးပို့ကုန်နှင့်သယ်ယူပို့ဆောင်ရေး

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သီးနှံမျိုးစုံ တင်ပို့တဲ့ ပမာဏဟာ တစ်နှစ်ပြီးတစ်နှစ် တိုး တက်များပြားလာပြီး တစ်နှစ်ကို တန်ချိန် ခုနစ် သိန်း ဝန်းကျင်အထိ ရှိလာပြီ ဖြစ်ပါတယ်။ လာမယ့် ကာလများမှာလည်း တစ်နှစ်ပြီးတစ်နှစ် သီးနှံ
ပို့ကုန်ပမာဏ တိုးတက်များပြားလာဖို့သာရှိပြီး တိုးတက်များပြားလာတဲ့ ပို့ကုန်ပမာဏအတွက် အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေး အပိုင်းကို အလေးထား သတိပြုစေချင်ပါတယ်။ သစ်သီးမျိုးစုံ တင်ပို့ရောင်းချရာမှာ သယ်ယူပို့ဆောင် ပေးတဲ့
မော်တော်ယာဉ်တွေ အပိုင်းက အရေးပါသလို သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းအတွက်လည်း သစ်သီး ပို့ကုန်က အရေးပါတဲ့ ကုန်စည်ပစ္စည်းပါ။ သစ်သီးပို့ကုန်လုပ်ငန်း တစ်နှစ်ပြီးတစ်နှစ် ပိုမဖွံ့ဖြိုး တိုးတက်လာတဲ့အလျောက် ကုန်စည် ပို့
ဆောင်ရေးလုပ်ငန်းတွေလည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိစေပါတယ်။ သစ်သီး ပို့ကုန်လုပ်ငန်း ပိုမိုပြီး ရှင်သန်ဖွံ့ဖြိုးသွားနိုင်ဖို့ အတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍအနေနဲ့လည်း ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ပါတယ်။
သစ်သီးကား တင်တဲ့အပိုင်းနဲ့ ပတ်သက်ပြီး လက်ရှိ ကြုံတွေ့နေရတဲ့ အနေအထားကို ပြောပြ ချင်ပါတယ်။ အများစုဖြစ်တဲ့ ဖရဲသီးကိုပဲ ပြောရ အောင်ပါ။ ဖရဲသီးတင်တာဟာ အများစုက စိုက်ခင်း ကနေ တင်ရတာပါ။ တန်ချိန် အတိအကျ ရနိုင်ဖို့ ဆိုတာ အလွန်မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။   ကုန်ပစ္စည်း တင်ဆောင်တဲ့အခါ တန်ချိန်အတိ အကျရဖို့ ခက်ခဲတဲ့ တချို့သော ကုန်ပစ္စည်းနဲ့ ဖရဲ သီးသခွားသီးလို ကုန်ပစ္စည်းတွေအတွက် သတ် မှတ် ကုန်ချိန်အထက် ၉၉၀ ကီလို အထိ စည်းကမ်း
သတ်မှတ်ချက်မှာ အပိုဆောင်းထားပေးတယ်လို့ သိရှိ နားလည်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၂ ဘီးကား တစ်စီးအတွက် စည်းကမ်း သတ်မှတ် ချက်အရ ကား + ကုန် ၂၇ တန် အထိသာ ခွင့်ပြု ထားတာပါ။ ဒါပေမဲ့ ကုန်တန်ချိန် အတိအကျ
ရနိုင်ဖို့ မလွယ်ကူတဲ့ ကုန်ပစ္စည်းတချို့ ရှိနေလို့ စည်းကမ်း သတ်မှတ်ချက်မှာ ၂၇ဒသမ ၉၉ တန် ဆိုပြီး ဖြေလျှော့ခွင့် ပြုပေးထားပါတယ်။အဲဒီမှာ ကားအလွတ် ၁၁ တန်ရှိတဲ့ ကားက ဖရဲသမားဆီကနေ ကုန်တန်ချိန် ၁၇ တန်ပေးဖို့
တောင်းဆိုတာကို အများစု ကြုံတွေ့ နေရ ပါတယ်။ ဖရဲသီး ၁၇ တန် မပြည့်ခဲ့ရင်လည်း ၁၇တန်ဖိုး ကားခ ပေးချေရမယ်။ တင်ပေးပြီး ပထမ ကတ္တား တက်လို့ ကုန်ချိန် ပိုသွားပြန်ရင်လည်း ဖရဲသီး သမားကို လာချခိုင်းပါတယ်။ (ပိုဆိုးတာက တချို့ Tol lGate  က ကတ္တားတွေပါ။ တန်ချိန် ကီလို ၁၀ဝ လောက် ပိုသွားလည်း ဒဏ်ကြေး ချက်ချင်း ဆောငို ခိုင်းပါတယ်။ ဖရဲသီး ၁၀ လုံးလောက် ချ ထားမယ် ဆိုလည်း ဒဏ်ကြေးကတော့ ပေးရတာပဲ။)ဒီကိစ္စကို ပို့ဆောင်ရေး လုပ်ငန်းပိုင်းက တာဝန်ရှိသူ ကားဂိတ် တွေနဲ့ ကားပိုင်ရှင်တွေဘက်က ဖရဲသီးသမားတွေရဲ့ အခက်အခဲကို ကူညီသောအားဖြင့် ကား+ကုန် ၂၇ တန် အောက်ခံပြည့်အောင် တင်ပေးပါ။ ၂၇ တန် မပြည့်ရင် ၂၇ တန်ဖိုး (၂၇ တန်ကို ကားတန်ချိန် နုတ်ပြီး) ရှင်းပေး၂၇ တန်ကျော်ရင် ပိုတဲ့အလျောက် ရှင်းပေးဆိုတဲ့  စနစ်လေး လုပ်ပေး နိုင်ရင် ကွာဟမှု အပိုဆောင်း ကီလို ၉၉၀ အတွက် နှစ်ဦးနှစ်ဖက် မျှဝေ ခံစားရတဲ့ အနေအထားလေး တစ်ခုလို့ ယူဆ မိပါတယ်။ ကားခ နှုန်းထားကတော့ လိုအပ်ချက် ပေါ်မူတည်ပြီး သူ့ရက် သူ့ပေါက်ဈေးပေါ့ဗျာ။အဲဒီလိုလေး လုပ်လိုက်ရင် ကီလို ၉၉၀ ကွာဟမှုရှိနေတဲ့အတွက် တင်ပေးရတဲ့ ဖရဲသီး သမားဘက်က ခန့်မှန်းတန်ချိန် လွဲချော်မှု နည်းပါး သွားနိုင်ပြီး ဖရဲသီးတန်ပိုလို့ လိုက်ပြီး ပြန်ချထား ရခြင်း၊ တန်မပြည့်လို့ လိုက်ဖြည့်ရခြင်းစတဲ့ နောက် ဆက်တွဲကိစ္စတွေ နည်းပါးသွားမှာ ဖြစ်ပါတယ်။ကား+ ကုန် ၂၇ဒသမ ၉၉ တန် ကားခ နှုန်းထား ထက် ၂၇ တန်အောက်ခံ ကားခနှုန်းထားက တစ် တန်ပေါ်မှာ ထောင်ဂဏန်းလောက် ပိုပြီးမြင့်လိုက် ရင်လည်း နှစ်ဦးနှစ်ဘက် ညှိနှိုင်းလို့ ရနိုင်လောက်ပါ တယ်။ ကြားက ဝန်ဆောင်မှုပေးတဲ့ ကားဂိတ်ပိုင်း ကလည်း ညှိနှိုင်းပေးလိုက်ရင် ခက်ခဲတဲ့ ကိစ္စမဟုတ် ဘူးလို့ ယူဆပါတယ်.Win Win  တော့ ဖြစ်ရမှာပေါ့ဗျာ။
နောက်တစ်ချက်က ကုန်ပစ္စည်း ထိန်းသိမ်း စောင့်ရှောက်မှု အပိုင်းပါ။ ဘယ်ကုန်ပစ္စည်းမဆို အများစုမှာ ပစ္စည်းရှင်က ကားပေါ် တင်ပေးတဲ့ အနေအထားကို လက်ခံတဲ့ မော်တော်ယာဉ်ပိုင်းက သေချာ စစ်ဆေး လက်ခံရပါတယ်။ ပို့ဆောင်ရမယ့်
ခရီးဆုံးရောက်လို့ ပစ္စည်းရှင်ကို ပြန်လည်အပ်နှံတဲ့ အခါမှာ ပစ္စည်းရှင်က ကားပေါ်ကို တင်ပေး လိုက်တဲ့ အနေအထားအတိုင်း မော်တော်ယာဉ် ပိုင်းက ပြန်လည် အပ်နှံပေးရမှာပါ။ အရေအတွက် လျော့နည်းသွားခြင်း၊ ညစ်ပတ်ပေရေ ပွန်းပဲ့ပျက်စီး ကွဲရှခြင်းစတဲ့ ဆုံးရှုံး နစ်နာမှုတွေအတွက် မော် တော်ယာဉ်အပိုင်းက အပြည့်အဝ တာဝန်ရှိပါ တယ်။ ဒီလိုစည်းကမ်းချက်တွေဟာ သယ်ယူပို့ ဆောင်ရေး လုပ်ငန်းတိုင်းမှာ သတ်မှတ်ထားကြတာ ချည်းပါပဲ။ လက်ရှိ အနေအထားမှာ အဲဒီ စည်း
ကမ်း သတ်မှတ်ချက်တွေကို ဖရဲသီးသမားတွေ အပြည့်အဝ မခံစားရသလို ဖြစ်နေတယ်လို့ ထင်မြင်မိပါတယ်။ ဖရဲသီးဆိုတာ ကုန်စိမ်းသီးနှံ အမျိုးအစားပါ။ လတ်ဆတ်မှုနဲ့ မျက်စိပသာဒ ရှိမှုက အလွန်အရေးပါ ပါတယ်။ အပြင်ခွံ ညစ်ပတ်
ပွန်းပဲ့နေရင် ဈေးကောင်းရဖို့  မဖြစ်နိုင်ပါဘူး။ အပြင်ခွံ အရမ်းဖိမိလို့ ကားအရမ်းခုန်လို့ အခွံပိန် ရှုံ့သွားရင်လည်း ဖရဲသီးအတွင်းသားက မကောင်း တော့ပါ။ အဲဒီလိုမျိုး အသီးဆိုရင်လည်း ပယ်သီး ဖြစ်သွားပါပြီ။ အဲဒီလို အဖြစ်မျိုးတွေ မဖြစ်အောင်
သယ်ယူပို့ဆောင်ပေးတဲ့ တာဝန်ရှိသူ အပိုင်းက ဖရဲသီးသမားတွေကို ကူညီပေးစေချင်ပါတယ်။ ကိုယ့် ကားပေါ် တင်ပေးလိုက်တဲ့ ဖရဲသီးတွေကို ဖုန်ပေပြီး ညစ်ပတ် ပွန်းပဲ့ခြင်း မဖြစ်ရအောင် ကားအရမ်းခုန်လို့ ဖရဲသီးတွေ ပိန်ရှုံ့သွားခြင်း မဖြစ်ရအောင် ကားလမ်းခရီးမှာ ပုံမှန်အခြေအနေ အတိုင်း လမ်းခရီးမှာ မဖင့်နှေးအောင် တာဝန်သိမှု တာဝန်ယူမှုအပြင် အပိုစေတနာလေးထည့်ပြီး ကိုယ့်ကားပေါ်က ဖရဲသီး ရောင်းပန်း လှပါစေဆိုတဲ့ အသိစိတ်လေးနဲ့ ဝိုင်းဝန်းကူညီ ပေးစေချင်ပါတယ်။
အကြောင်းမညီညွတ်လို့ လမ်းမှာ ကားပျက် ခဲ့ရင်လည်း အခြေအနေကြည့်ပြီး ကားပြောင်း တင်ဖို့ လိုအပ်ရင်လည်း အမြန်ဆုံး စီစဉ်ပေးစေ ချင်ပါတယ်။ သယ်ယူပို့ဆောင်ရေး အပိုင်းက အားနည်းမှုကြောင့် ကားခရှင်းတဲ့အခါမှာ ကားခ
လျှော့ပြီး ရှင်းပေးလို့ အငြင်းပွားမှု ဖြစ်ရတာကို ပွဲရုံကရော ဖရဲသီးသမားကပါ မလိုလားပါဘူး။လမ်းခရီးမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် သာမန် ရောက်ချိန်ထက် နောက်ကျ ပြီး ရောက်တာကို လည်း ဖရဲသီးသမားတိုင်းက နားလည် ခွင့်လွှတ်
ကြပါတယ်။  ဖရဲသီးကားပေါ်မှာ ဖရဲသီးရဲ့ အရည် အသွေးကို ထိခိုက်နိုင်လောက်တဲ့ ကုန်ပစ္စည်းတွေ ခရီးသည်တွေကို တင်ဆောင် လာခြင်းကိုတော့ ဖရဲသီးသမားဘက်က ခွင့်မလွှတ်နိုင်တာဟာ သဘာဝကျတယ်လို့ ယူဆပါတယ်။ ကားသမား
ဘက်က ဘာအားနည်းချက် ချို့ယွင်းချက်မှ မရှိဘဲ ဖရဲသီးရဲ့ အရည်အသွေး ညံ့ဖျင်းမှုနဲ့ ဈေးကွက် အခြေအနေကြောင့် ဖရဲသီး ဈေးမရလို့ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ရတဲ့အတွက် ကားခ လျှော့ရှင်းတာမျိုးကို  ပွဲရုံကရော ဖရဲသီးသမားကရော မလုပ်သင့်ပါဘူး။နောက်တစ်ချက်က လမ်းမှာ ကားမတော် တဆဖြစ်လို့ ဖရဲသီးကား တစ်စီးလုံး ပျက်စီး ဆုံးရှုံး ခဲ့ရင် ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဖရဲသီးပိုင်ရှင်၊ မော်တော်ယာဉ် ပိုင်ရှင်နဲ့ ကြားခံ ကားဂိတ်တွေ ကြိုတင် ညှိနှိုင်းမှု ရှိသင့်ပြီး ဖရဲသီးပိုင်ရှင်အတွက် အာမခံချက်ရှိဖို့ လိုအပ်မယ်လို့  ထင်ပါတယ်။လုပ်ငန်း သဘောသဘာဝအရ ကားပေါ် ဖရဲသီး တင်ပေးပြီး ခရီးအစ ခရီးအဆုံး ကားပေါ်က ချပြီး တဲ့အထိ ကားပေါ် ဖြစ်ပျက်သမျှဟာ ကားအပိုင်းက အားလုံး တာဝန်ရှိတယ်လို့ ယူဆပါတယ်။ မော်တော် ကားရော ဖရဲသီးရော ဆုံးရှုံးမှု ကြီးမားခဲ့ရင် နောက် ဆက်တွဲ ပြဿနာတွေ ဖြေရှင်းဖို့ အခက်အခဲ မရှိရ အောင် အာမခံ ကုမ္ပဏီတွေနဲ့  ချိတ်ဆက်ပြီး အာမခံကြေး ဝယ်ထားတဲ့ စနစ်ကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ပါတယ်။ မြန်မာနိုင်ငံ မှာ အာမခံ ကုမ္ပဏီတွေလည်း လုပ်ငန်းစတင် လည် ပတ်နေကြပြီ ဖြစ်ပါတယ်။အနှစ်ချုပ်ဆိုရရင်တော့ သစ်သီးပို့ကုန် လုပ်ငန်း=အတွက် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ဟာ မရှိမဖြစ်ပါ။ သယ်ယူပို့ဆောင်ရေး လုပ်ငန်း
အတွက်လည်း သစ်သီးပို့ကုန် တစ်နှစ် တန်ချိန် ခုနစ်သိန်း ပတ်ဝန်းကျင်ဟာ ၁၆ တန်ကို ကား တစ်စီးနှုန်းတွက်ရင် ကားစီးရေ ၄၃၇၅၀ စီး တစ်တန် ပျမ်းမျှ ကားခ ခုနစ်သောင်းနဲ့ ရှစ်သောင်း ကြားတွက်ရင် သိန်းပေါင်း ငါးသိန်းဝန်းကျင် ပေးဆောင်နေတဲ့ လုပ်ငန်းကြီးပါ။ သစ်သီးပို့ကုန် လုပ်ငန်း ရေရှည် တည်တံ့ ဖွံ့ဖြိုးသွားနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းပိုင်းက ကူညီပံ့ပိုးမှု များစွာ လိုအပ်တဲ့အကြောင်း တစေ့တစောင်း ရေးသား အကြံပြုလိုက်ရပါတယ်။
  စိုင်းမြင့်ဗိုလ် (ရွှေတြိဂံသစ်သီးပွဲရုံ)
 

Agency Ministry of Foreign Affairs
Category General