ပြည်ဈေးကွက်မှာပစ္စည်းအဝင်မရှိလို့ လက်ကျန်နှမ်းများဖြင့် အရောင်းအဝယ်ဖြစ်

ပြည်ဈေးကွက်တွင် သီတင်းကျွတ်ပြီးကတည်းက နှမ်းအဝင်မရှိသဖြင့် လက်ကျန်နှမ်းများဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ပစ္စည်းအဝင်မရှိပေမယ့် အဝယ်ရှိသဖြင့် နှမ်းနီဈေးနဲ့ စမုံနက်နှမ်းဈေးအနည်းငယ်မြင့်လာကာ နှမ်းနက်
ရိုးရိုးမှာ အဝယ်ရပ်လာပြီး ဈေးပြန်ကျလာတာ တွေ့ရပါတယ်။ နှမ်းနီကို ဆီစက်များကအဝယ်ရှိသဖြင့် ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်လျှင် ကျပ် ၁၄၀ဝ ဈေးမြင့်လာတာတွေ့ရပါတယ်။ နှမ်းနီဈေးမြင့်ပေမယ့် ဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ နဲ့
အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးကျလာရခြင်းမှာ ယခင်ကြိတ်ပြီးသား ဆီလက်ကျန်များကိုထုတ်၍ရောင်းချနေတာကြောင့် ဖြစ်ကြောင်းသိရပါတယ်။ ယခုအခါမှာတော့ ဈေးအမြင့်နဲ့ဝယ်ပြီး ကြိတ်ရတဲ့နှမ်းဆီဈေးများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း
သိရပါတယ်။ ယခုတစ်ပတ် နှမ်းဈေးမှာ  နှမ်းနီတစ်တင်းလျှင် ၃၀ဝဝဝ ကျပ်နှင့် စမုံနက်နှမ်းဈေးမှာ တစ်တင်းလျှင် ၅၅၀ဝဝ ကျပ်ဖြင့် ယခင်တစ် ပတ်ထက် ဈေးမြင့်လာပြီး နှမ်းနက်ရိုးရိုးတစ်တင်း လျှင် ၄၀ဝဝဝ ကျပ်နဲ့ ရောင်းချနေသော်လည်း အဝယ်
မရှိ၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါကကျပ် ၁၆၀ဝ ခန့် ဈေးကျလာတာ တွေ့ရပါတယ်။                                       ဝေဝေမင်း
 

Agency Ministry of Foreign Affairs
Category General