ရန်ကုန်ဘိလပ်မြေဈေးကွက် ဈေးမြင့်လာ

အောက်တိုဘာ ၉ ရက်မှ ၁၅ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် ၂၅၂၆၀ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၆၇၈၀ နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၈၄၇၀ ကျော် အဝင်ပို ခဲ့ပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၉၆၈၇ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၁၈၂၉၀ကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန်၁၃၉၀ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်
မှာ ရေလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။မန္တလေးဈေးကွက်မှာ    ဘိလပ်မြေ အရောင်းအဝယ် ဆက်လက်ကောင်းနေ ပြီးဈေးလည်းငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ
တဲ့ဈေးမှာ အေသုံးလုံး ၄၅၀ဝ ကျပ်၊ မြန်မာဆင် ၄၁၀ဝကျပ်၊ ဆင်(ထိုင်း) ၆၅၀ဝ ကျပ်၊ စိန်(ထိုင်း) ၆၆၀ဝကျပ်၊ ဆင်မင်း ၄၂၀ဝ ကျပ်၊ ကျားခေါင်း ၄၀ဝဝ  ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။
တောင်ကြီးဘိလပ်မြေဈေးကွက်မှာ ဈေးနည်းနည်းကျကာ အရောင်းအဝယ် နည်းနည်းဖြစ်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဆင်က ၃၀ဝ ကျပ်၊ စိန်က ၄၀ဝ ကျပ်၊ အပါချီက၂၀ဝ ကျပ် ၊ ကမ္ဘောဇက ၃၀ဝကျပ်၊ နဂါးက ၁၀ဝ ကျပ်
ဈေးကျလာခဲ့တယ်လို့ သိရပါတယ်။ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း) ၆၄၀ဝ ကျပ်၊ အေသုံးလုံး ၅၂၀ဝ ကျပ်၊ အပါချီ ၄၄၀ဝကျပ်၊ ကမ္ဘောဇ ၄၀ဝဝကျပ်၊နဂါး ၄၆၀ဝကျပ်၊ ဆင်(ထိုင်း) ၆၃၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့
အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက  အရောင်းအဝယ် ပုံမှန်ဖြစ်တယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်ဆင်က ၃၀ဝ ကျပ်၊ စိန်က ၂၀ဝ ကျပ် ဈေးမြင့်လာခဲ့ပြီး ကျန်
ဘိလပ်မြေများက ယခင်ဈေးနဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေး ကွက်ထဲ စိန်က ပစ္စည်းပြတ်နေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။  ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ၅၇၀ဝ ကျပ်၊ စိန်(ထိုင်း) ၅၄၀ဝ
ကျပ်၊ ကြံ့နှစ်ကောင် (နီ) ၄၈၀ဝ ကျပ်၊ ကြံ့နှစ်ကောင်(စိမ်း) ၄၅၀ဝ ကျပ်၊ မော်လမြိုင် (ဆင်) ၅၄၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ  အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General