မြန်မာနိုင်ငံသားများဘဏ်၏အစုရှယ်ယာဈေးနှုန်း မြင့်တက် ကျန်အစုရှယ်ယာများ၏ ဈေးနှုန်းများ ဈေးငြိမ်

ယခုတစ်ပတ်တွင် ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်၌ မြန်မာနိုင်ငံသား များဘဏ်   (MCB) ၏အစုရှယ်ယာဈေး  များသည် တစ်ပတ်အတွင်း ကျပ်၁၂၀ဝ  ခန့် ဈေးမြင့်တက်ခဲ့ကာ အရောင်းအဝယ် လည်းဖြစ်ခဲ့ကြောင်း YSX၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။(MCB) ၏ အစုရှယ်ယာဈေးများ မြင့်တက်ခဲ့သော်လည်း ကျန်အစုရှယ် ယာနှစ်ခုဖြစ်သည MTSH နှင့်FMI တို့ ၏ အစုရှယ်ယာဈေးများမှာမူ ဈေး ငြိမ်ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ သည်။  (MCB) ၏အစုရှယ်ယာဈေး များသည် အောက်တိုဘာ ၁၇ ရက်က ကျပ် ၈၆၀ဝ ရှိခဲ့ပြီး အောက်တိုဘာ  ၂၀ ရက်တွင် ကျပ် ၉၈၀ဝ သို့ မြင့်တက်ခဲ့ကာ ထို့နေ့တွင် အစုရှယ်ယာပေါင်း ၂၆၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
MTSHနှင့်hfFMIတို့၏အစုရှယ်ယာများမှာရက်သတ္တတစ်ပတ်၏အစပိုင်းနှစ်ရက်တွင်အကျဘက်သို့ဦးတည်ခဲ့သော်လည်းနောက်ပိုင်းရက်များတွင်ဈေးငြိမ်ခဲ့ကာအရောင်းအဝယ်ဖြစ်မှူ့ပမာဏ များခဲ့ကြောင်း သိရသည်။
"ဒီတစ်ပတ်အတွင်းမှာ MTSHနဲ့  FMI ရှယ်ယာတွေက  ဈေးငြိမ်တဲ့ အတွက် အရောင်းအဝယ်တော်တော် လေးဖြစ်ပါတယ်။ ဈေးအတက်မြန်သွား တဲ့  (MCB)ရဲ့ ရှယ်ယာကတော့ ဈေး အတက်အကျရှိလို့ ဝယ်ကြတာပဲရှိ တယ်။ ပမာဏကတော့ တော်တော်လေး နည်းပါတယ်"ဟုYSX  ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ဆိုသည်။                           မယ်သီတာ
 

Agency Ministry of Foreign Affairs
Category General