ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းငွေလဲနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်

ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းငွေလဲနှုန်းပါ  မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ  ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။]]ဒီတစ်ပတ်ထဲမှာ ရွှေဈေးက ပြန်ပြီးမြင့်တက်လာတယ်။ ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာရောပြည်တွင်းငွေလဲနှုန်းမြင့်တက်လာတာရောနှစ်ခုဆုံပြီးပြည်တွင်းရွှေဈေးကပြန်ပြီးမြင့်တက်လာတာပါ။ တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော် လောက် မြင့်တက်သွားတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျသွားတော့ အဝယ်ပြန်လိုက် လာပေမယ့် ဒီတစ်ပတ်ကျတော့ ဈေးကပြန်တက်လာတော့ ဈေးထပ်တက်မလား ဆိုပြီး စောင့်နေကြတဲ့အတွက်အရောင်းအဝယ်က သိပ်မဖြစ်ဘူး}}ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။ ပြည်တွင်းရွှေဈေးကွက်တွင် အောက်တိုဘာ ၁၇ ရက်က ကျပ် ၈၅၆၀ဝဝ ရှိခဲ့ရာမှ အောက်တိုဘာ ၁၉ ရက်တွင် ကျပ် ၈၆၁၀ဝဝ သို့မြင့်တက် ခဲ့ပြီး အောက်တိုဘာ၂၁ရက်တွင်ကျပ်၈၆၇၀ဝဝသို့ဆက်လက်မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၇ ရက်တွင် ၁၂၅၃ ဒေါ်လာရှိခဲ့ရာမှ အောက်တိုဘာ ၁၉ ရက်တွင် ၁၂၆၄ ဒေါ်လာသို့ မြင့်တက်ခဲ့ကာ အောက်တိုဘာ  ၂၁ ရက်တွင် ၁၂၆၉ ဒေါ်လာသို့ ဆက်လက်မြင့်တက်ခဲ့သည်။        မယ်သီတာ
 

Agency Ministry of Foreign Affairs
Category General