ပြည်ပဲနီပြားဈေးကျဆင်းပေမယ့် ယခင်နှစ်ဈေးကို မမီခဲ့

ပြည်ပဲဈေးကွက်မှာ လက်လီရောင်းဝယ်မှုများတဲ့ ပဲနီပြားသီးနှံဟာ အောက်တိုဘာလလယ်မှစ၍ ဈေးအနည်းငယ် လျော့နည်းသွားခဲ့တာကြောင့် ယခုတစ်ပတ်မှာလည်း တစ်တင်းကျပ် ၂၄၀ဝဝနဲ့ဆက်လက်အရောင်းအဝယ်ဖြစ်လျက်ရှိတာ
ကို တွေ့ရပါတယ်။ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲ အနည်းငယ်သာရှိခဲ့လို့ လက်လီရောင်းဝယ်မှုများဖြင့် နေ့စဉ်အိတ်အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်နှစ်က အောက်တိုဘာလအတွင်း ပဲနီပြား သီးနှံဟာ လဆန်းရက်မှာ ဈေးအေးခဲ့ပေမယ့် လလယ်မှစ၍ ဈေးမြင့်တက်လာခဲ့ လို့ တစ်တင်းကျပ် ၂၇၀ဝဝ ထိရရှိလာခဲ့ပါတယ်။ ယခုနှစ်အောက်တိုဘာလရဲ့ ပဲနီပြား ဈေးဟာ ယခင်နှစ်ဈေးကိုမမီခဲ့ဘဲ ဈေးအေးအရောင်းအဝယ် အေးခဲ့ကြောင်း လေ့လာသိရှိရပါတယ်။  
ခင်ဆွေဝင်း

Agency Ministry of Foreign Affairs
Category General