ပုသိမ်ဈေးကွက်တွင် ကောက်စောစပါးပေါ်ကာနီး မိုးစပါးလက်ကျန် ဆန်စပါးဈေးကွက် ဆက်လက်အေးလျက်ရှိ

ပုသိမ်မြို့၊   ဆန်စပါးဈေးကွက်တွင် လက်ရှိအချိန်၌ အချို့ကောက်စောသီးထပ်ရင်စပါးများ ဈေးကွက်သို့ ဝင် ရောက်လျက်ရှိရာ မျိုးစပါးအနေနှင့် ပေါင် ၅၀ တင်း ၁၀ဝ ကို ကျပ် ၆၀ဝဝဝဝ  ဝန်းကျင်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ကောက်ညှင်းသစ်များဈေးကွက်သို့ဝင်ရောက်လာချိန် ယခင် တစ်ပတ်ခန့်က တစ်တင်းကို ကျပ် ၄၄၀ဝဝ မှ ၄၅၀ဝဝ ကျပ် ဈေးရှိ သော်လည်း ယခုအချိန်တွင် ၃၅၀ဝဝ ကျပ်ဈေးဖြစ်သွား တဲ့အတွက် တစ်တင်းလျှင် ကျပ် ၁၀ဝဝဝ ဝန်းကျင် ဈေးနှုန်း
ကျဆင်းသွားကြောင်း၊ ယခင်နှစ်လက်ကျန် ကောက်ညှင်း အဟောင်းဈေးမှာ တစ်တင်းကို ၄၈၀ဝဝ ကျပ်ဈေးရှိပြီး ယခုကောက်ညှင်းအဟောင်းဈေးကွက်မှာလည်း အသစ်ပေါ်ချိန် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ဈေးကွက်မှသိရပါ
တယ်။ယခုနှစ် ပုသိမ်ဆန်စပါးဈေးကွက်မှာ မိုးတွင်းရေကြီးချိန် စက်တင်ဘာလမှစ၍ ယခု အောက်တိုဘာ တတိယပတ် အထိ ဈေးနှုန်းမှာအကျဈေးဖြစ်နေ၍ ဒေသတွင်းနှင့် ရန်ကုန်-ပြည်-မန္တလေး-အညာဒေသများသို့တင်ပို့မှုမှာလည်း လျော့
နည်းလျက်ရှိကြောင်း၊ ယခင်နှစ် မိုးစပါးပေါ်ချိန်က ပေါင် ၅၀ တင်း ၁၀ဝ ကို  ကျပ် ၅၅၀ဝဝဝ မှ  ၆၀ဝဝဝဝ ဈေးရရှိခဲ့ရာ တောင်သူများတွက်ခြေကိုက်ပြီး ယခုနှစ် မိုးစပါးပေါ်ချိန်မှာ တော့ ယခင်နှစ်ဈေးကို မီ/မမီပြော၍မရကြောင်း၊  လက်ရှိ အခြေအနေတွင် မိုးစပါးလက်ကျန် အဟောင်းများ တောင်သူ၊ ကုန်သည်၊ စက်ပိုင်အချို့တွင် လှောင်စပါးများပိတ်မိနေပြီး အရောင်းအဝယ်   အေးတဲ့အတွက် မိုးစပါးသစ်ဝယ်ယူရန် စိတ်ဝင်စားမှုနည်းပါးလို့ ဈေးကွက်အေးတဲ့အတွက် လက်ရှိ
အချိန် စပါးဟောင်းဈေးကွက်မှာ ဝယ်ယူသူဈေးကွက်ဖြစ်နေ ပြီး ဝယ်လိုအားလျော့နည်းနေတာကြောင့် ဈေးကွက်မှာ စပါးဟောင်း တင်း ၁၀ဝ လျှင် ကျပ် ၅၀ဝဝဝ မှ  ၆၀ဝဝဝ ဝန်းကျင်သို့ ကျဆင်းလျက်ရှိကြောင်း စပါးဟောင်းဈေးကွက်မှ
သိရပါတယ်။                           မင်းမင်းဦး-ပုသိမ်
 

Agency Ministry of Foreign Affairs
Category General