စစ်တွေကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလအတွင်း ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုကျဆင်းတဲ့အတွက်ကုန်သွယ်မှုလျော့ကျ

စစ်တွေကုန်သွယ်ရေးစခန်းသည် စက်တင် ဘာလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ သုညဒသမ ၂၆၇ သန်း၊ သွင်းကုန်ဆောင်ရွက်မှု မရှိတဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သုညဒသမ ၂၆၇ သန်းဖြစ်ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဩဂုတ်လအောက် ပို့ကုန်အမေရိကန်ဒေါ်လာ သုညဒသမ ဝဝ၂ သန်း လျော့နည်းခဲ့သလို ယမန်နှစ်ကာလတူအောက် ပို့ကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၆၄၂သန်း သွင်းကုန်အမေရိကန် ဒေါ်လာ သုညဒသမ ဝဝ၂ သန်း ပါလျော့နည်းခဲ့တဲ့အတွက် ကုန်သွယ်မှု လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်မှု လျော့နည်းရခြင်းမှာ စစ်တွေ ကုန်သွယ်ရေးစခန်းတွင် စက်တင်ဘာလအတွင်း ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုကျဆင်းခဲ့သလို စက်တင်ဘာလအ တွင်း သွင်းကုန်တင်သွင်းမှု မရှိခဲ့ခြင်းကြောင့် ဖြစ် တယ်လို့ သိရပါတယ်။ စစ်တွေကုန်သွယ်ရေးစခန်း၌ စက်တင်ဘာလအတွင်း အများဆုံးတင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းများကတော့ ရေချိုငါးမြစ်ချင်း၊ ဆီးယို
ထုပ်၊ မန်ကျည်းစေ့၊ စောင်၊ ဂျင်းအစို၊ ဆီးဖတ်၊ ဆီးသီးခြောက်၊ နနွင်းတက်၊ အဆင့်မြင့်ဝီစကီနဲ့ နန်းတော်အရက် တို့ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General