စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်းများ ပုံမှန်တင်ပို့လျက်ရှိ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ အောက် တိုဘာ ပထမပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၈၅ သန်း တန်ဖိုးရှိ ရေချို ငါးမြစ်ချင်းတန် ၈၀ ခန့်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် နည်းတူ ယခုတစ်ပတ်မှာလည်း တန်၈၀တင်ပို့ခဲ့တာမို့ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။စစ်တွေကုန်သွယ်ရေးစခန်းမှရေချိုငါးမြစ်ချင်းအပြင်အမေရိကန်ဒေါ်လာသုညဒသမဝဝ၆သန်းတန်ဖိုးရှိ ငါးခေါင်းပွ သုံးတန်ခွဲခန့် တင်ပို့နိုင်တယ်လို့ ကုန်သွယ်ရေးစခန်း မှသိရပါတယ်။စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာသုညဒသမ၁၅၆သန်းတန်ဖိုးရှိရေချိုငါးမြစ်ချင်းတန်၁၅၀ခန့်နဲ့အမေရိကန်ဒေါ်လာသုညဒသမဝဝ၆သန်းတန်ဖိုးရှိငါးခေါင်းပွသုံးတန်ခွဲခန့်ကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာပထမပတ်အတွင်းရေထွက်ပို့ကုန်များအပြင် သွင်းကုန် အမေရိကန်ဒေါ်လာသုည ဒသမ ဝဝ၂ သန်းတန်ဖိုးရှိ တီရှပ် ၄၅၀ဝ ထည်ကို တင်သွင်းခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General