ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ပဲစင်းငုံနီဈေးကျ

ယခုတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ တို့ ဈေးကျခဲ့ပါတယ်။ ယခင် တစ်ပတ်က မတ်ပဲ FAQ/RCတစ်တန်ကို ကျပ် ၁၄၇၀ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၁၄၀၄၀ဝဝ အထိကျခဲ့ပါတယ်။ မတ်ပဲ FAQ/RC တစ်တန် ကို ယခင်တစ်ပတ်က ကျပ် ၁၅၇၀ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၁၄၉၂၀ဝဝ ထိ ဈေးကျခဲ့ပါတယ်။ ပဲစင်းငုံနီကို ယခင်တစ်ပတ်က ကျပ် ၁၁၄၉၀ဝဝ နဲ့ရောင်းခဲ့ပြီး ယခုတစ်ပတ် မှာ ကျပ် ၁၀ဝဝဝဝဝ အထိ ဈေးကျခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း  နိုင်ငံခြားငွေလဲလှယ်ရာမှာ   မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်မြင့်လာသဖြင့် ပဲဈေးများအနည်းငယ်ကျလာတယ် လို့သိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General