ပြည်ကြက်သွန်ဖြူ အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး ဈေးဆက်မြင့်

ပြည်စားဖိုဆောင်သုံးပွဲရုံများတွင်ကြက်သွန်ဖြူအိတ်တွေပုံမှန်ဝင်ရောက်နေပြီးအရောင်းအဝယ်မှာလည်းပုံမှန်ဖြစ်နေပါတယ်။ယခုရက်ပိုင်းအတွင်းအလှူအတန်းများ၊ပွဲလမ်းသဘင်များကြောင့်  လက်လီအဆွဲများလာကာအရင်ရက်တွေထက်အရောင်းအဝယ်ပိုဖြစ်နေပါတယ်။နယ်စပ်မှဝင်ရောက်လာတဲ့ကြက်သွန်ဖြူရဲ့ဈေးနှုန်းတွေကလည်းမြင့်သည်ထက်မြင့်လာတာတွေ့ရပါတယ်။ (ရှမ်းစ) ကြက် သွန်ဖြူဈေးလည်း အနည်းငယ်တက်လာတာ တွေ့ရပါတယ်။ ယခု တစ်ပတ် ပြည်ပွဲရုံ ကြက်သွန်ဖြူ တစ်ပိဿာဈေး (ရှမ်းစ) ကျပ်  ၄၀ဝဝနှင့် ဒေသတွင်း လက်လီဈေးမှာ ကျပ် ၄၆၀ဝရှိပြီး (ကြူကုတ်စ) ပွဲရုံဈေး ၄၆၀ဝ ကျပ်နှင့် လက်လီဈေးမှာ ကျပ် ၄၈၀ဝ ရှိကြောင်း တွေ့ရပါတယ်။ အောက်တိုဘာ ဒုတိယပတ်အတွင်း ကြက်သွန်ဖြူ အိတ် ၃၀ဝဝ ကျော်ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။
နီနီဝင်း

Agency Ministry of Foreign Affairs
Category General