စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသို့ ပရဆေးကုန်ကြမ်း တန်ချိန်သုံးထောင်ခန့် တင်ပို့နိုင်

စက်တင်ဘာနောက်ဆုံးပတ်တွင် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ  ၁၇၈ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ကိုးမျိုးကို တန်ချိန်သုံးရာခန့် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ  တောချင်း၊ ကွမ်းသီးခွံ၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ ဆီးသီး ခြောက်၊ နနွင်းတက်၊ ဒရင်ကောက်မြစ်နဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ) တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တန်ရှစ်ရာကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်ပရဆေးတင်ပို့မှု လျော့နည်းခဲ့ပေမယ့် စက်တင်ဘာတစ်လလုံးအနေနဲ့ တန်ချိန်သုံးထောင်ခန့်အထိ တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကလည်း အမေရိကန်ဒေါ်လာ ၉၆၄၂၅ တန်ဖိုးရှိတဲ့ ကြက်ဆူစေ့ ၁၃၇ တန်ကျော်ကို ယခုတစ်ပတ်မှာ တင်ပို့ခဲ့ပြီး စက်တင်ဘာလအတွင်း ချင်းရွှေဟော်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကြက်ဆူစေ့ တန် ၅၀ဝ နီးပါးတင်ပို့ ခဲ့တယ်လို့ သိရပါတယ်။                                                                                                                               မော်မော်အောင်

Agency Ministry of Foreign Affairs
Category General