ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုလျော့ကျ


မြန်မာ - တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ  စက်တင်ဘာ ၂၄ရက်မှ ၃၀ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉၂သန်း  တန်ဖိုးရှိ ဆန်တန် ချိန်၇၇၁၇  တန်ကျော် တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် ၂၃၀၄ တန်၊ ဧည့်မထဆန် ၂၉၁၈တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၄၂၄ တန်ခန့် နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၂၀၇၁တန် တင် ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၆၆၅ တန် လျော့နည်းခဲ့ပါတယ်။အဆိုပါ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ အတွင်း အမေရိကန် ဒေါ်လာ  ၁၃ ဒသမ ၁၉၃ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၅၈၅၆တန်ကျော် တင်ပို့ခဲ့ပြီး၊ အနီးစပ် ဆုံး ဩဂုတ်လတင်ပို့မှုနဲ့နှိုင်းယှဉ်ပါက၂၆၄၇၄ တန်လျော့နည်း ခဲ့ကြောင်းသိရှိရပါတယ်။ယခုရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ  သုည ဒသမ ၄၈၁သန်း  တန်ဖိုးရှိ ဆန်ကွဲ တန်၁၄၈၀ကို မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ တန် ၁၂၅၀နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှတန်၂၃၀ တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၈၆၈ သန်း တန်ဖိုးရှိ ဆန်ကွဲ ၅၇၄၇ တန်ကျော်ကို မူဆယ် ကုန်သွယ်ရေးဇုန်မှ ၄၅၇၁ တန်ကျော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၁၁၇၆တန်ခန့် တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံး ဩဂုတ်လ တင်ပို့မှုထက် ၂၅၀၃တန် လျော့နည်းခဲ့ပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  စက်တင်ဘာလ အတွင်း အမေရိကန်ဒေါ်လာ  ၁ဒသမ ၆၃၅သန်း တန်ဖိုးရှိ ဆန် ၂၈၆၂တန် တင်ပို့ပြီး အနီးစပ်ဆုံး ဩဂုတ်လ တင်ပို့မှု
ထက် ၁၇၅၉၃ တန် လျော့နည်းခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ  ၁ဒသမ ဝ၁၂သန်း တန်ဖိုးနဲ့ ၃၀၈၇ တန် ကျော်ဖြစ်ပြီး အနီးစပ်ဆုံး ဩဂုတ်လ တင်ပို့မှုထက် ၁၃၂၅၈တန် လျော့နည်းခဲ့ပါတယ်။ယခုဘဏ္ဍာနှစ် ဧပြီ  ၁ရက်မှ စက်တင်ဘာ ၃၀ရက် အထိ ဆန်နဲ့ ဆန်ကွဲ နှစ်ရပ်ပေါင်း တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ  ၁၇၇ဒသမ ၂၇၂သန်းဖိုးနဲ့ တန်ချိန် ၅၁၄၄၄၈ တန် ကျော် ဖြစ်ပြီး ယမန်နှစ် ကာလတူ တင်ပို့မှုထက် အမေရိ ကန် ဒေါ်လာ ၆၃ဒသမ ၃၁သန်းနဲ့ တန်ချိန် ၁၈၁၇၈၆ ကျော် လျော့ နည်းခဲ့ကြောင်း သိရှိရပါတယ်။                       ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General