ပင်လယ်ရေကြောင်းမှ အဝင်မရှိဘဲ တာချီလိတ်စခန်းမှ ဒီဇယ်တစ်မျိုးတည်းသာဝင်

စက်တင်ဘာ ၂၅ ရက်မှအောက်တိုဘာ ၁ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်၊ဓာတ်ဆီတင်သွင်းမှုနားခဲ့တယ်လို့ သိရပါတယ်။ လချုပ် အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ဒီဇယ်စုစုပေါင်း ၁၅၁၀ဝ တန်ကျော်ရှိ ခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၂၆၀ကျော်သာရှိခဲ့တာကြောင့် စက်တင် ဘာလမှာ ဒီဇယ်အဝင် လျော့ခဲ့ပါတယ်။ ထို့အတူ သြဂုတ်လအတွင်းက ဓာတ်ဆီအဝင် စုစု ပေါင်းမှာ ၁၀၄၀ ကျော်ရှိပြီး စက်တင်ဘာ လမှာ အဝင်တန်ချိန် ၈၈၀ ကျော်ဝင်ခဲ့တာကြောင့် စက်တင်ဘာလမှာ ဓာတ်ဆီလည်း အဝင်လျော့ခဲ့ပါ တယ်။ ဒီတစ်ပတ် နယ်စခန်းများဖြစ်တဲ့ တာချီလိတ်စခန်းမှသာ ကန်ဒေါ် လာ ၃၀၈၃၃၀ တန်ဖိုးရှိ ဒီဇယ် ၆၃၆ တန်သာ ဝင် လာခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက် တိန်း (92)နဲ့ အောက်တိန်း(95)မှာ ဈေး နည်းနည်းမြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၅၉၀ ကျပ်၊အောက်တိန်း (92) ၆၀ဝ ကျပ်၊အောက်တိန်း (95) ၆၆၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၆၂၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပေါ ဈးများမှာ အောက်တိုဘာလ ၃ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၁၀ဝ၀ဝ ကျပ်၊ ရောင်းဈေး ၁၁၄၀ဝ၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် ဝယ်ဈေး ၂၀ဝ၀ကျပ် ရောင်းဈေး၁၀ဝ၀ ကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ အောက်တိုဘာ ၃ ရက်တွင် ဝယ်ဈေး ၁၂၅၀ဝ၀ကျပ်၊ ရောင်းဈေး ၁၂၈၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ် ေ ဈးနဲ့နှိုင်းယှဉ်ရင် ဒီဇယ်ဈေးအနည်းငယ်တက်ခဲ့ပေမယ့် ဓာတ်ဆီဈေးငြိမ်နေ တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီတစ်ဂါလန်၂၈၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါ လန် ၂၅၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များ တွင် ဓာတ်ဆီဈေးငြိမ်နေသော်လည်း ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေ တဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၈၀ကျပ်၊ အဆင့်မြင့်ဒီဇယ် ၆၀ဝကျပ်၊ အောက်တိန်း (92) ၆၀ဝကျပ်နဲ့ ရောင်းချနေ ပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ အောက်တိုဘာ၃ ရက် မှာ ဒီဇယ် ဝယ်ဈေး ၁၁၆၀ဝ၀ ကျပ်၊ရောင်းဈေး ၁၁၈၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် ဝယ်ဈေး ၁၂၂၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၂၄၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ အောက်တိုဘာ ၃ ရက်တွင် ဝယ်ဈေး ၁၂၈၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၃၀ဝ၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ အောက် တိုဘာ ၅ ရက်တွင် ဝယ်ဈေး ၁၃၁၀ဝ၀ ကျပ်၊ရောင်းဈေး ၁၃၃၀ဝ၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များတွင် တစ်ဂါလန် ဈေးမှာဒီဇယ် ၂၆၀ဝကျပ်၊ ဓာတ်ဆီ ၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်း ချနေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၃၀ဝ၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်၂၆၅၅ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၆၅၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါ လန် ၂၇၀ဝ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၇၀ဝကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ဒီဇယ်မှာ ဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတ စ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ တစ်ဂါလန်ဈေးနှုန်းများမှာ ဓာတ်ဆီတစ်ဂါလန် ၂၇၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၇၀ဝကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၂၉၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၈၀ဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါ တယ်။

Agency Ministry of Foreign Affairs
Category General