ပြည်ဈေးကွက်တွင် လုံးဆန်အဝယ်ရပ်လို့ ဈေးကျပြီး ဆီဆန်ဈေးငြိမ်

ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ လုံးဆန်အဝယ်ရပ်သဖြင့် ဈေး ကျလာပါတယ်။ ဆီဆန်ဈေးမှာ အဝယ်ရှိသော်လည်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြနေ် အာင်၊ ကြံခင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်ဘက်မှ တစ်နေ့လျှင် အိတ် ၁၅၀ဝ ခန့်အဝင်ရှိပြီး မကွေး၊ မြင်းခြံ၊ ပခုက္ကူနှင့်ရန်ကုန်ဘက်မှ ဆီဆန် ကို အဝယ်ရှိနေတာတွေ့ရပါ တယ်။ လုံးဆန်ကိုဝယ်လက်အဝယ်ရပ်သဖြင့် ဈေးကျနေတာတွေ့ရပါ တယ်။ မြေပဲဆန်ဈေးအနေဖြင့် စက် တင်ဘာလဆန်းတွင် ဆီဆန်တစ် ပိဿာလျှင် ကျပ် ၁၆၀ဝ နဲ့ လုံးဆန်တစ်ပိဿာလျှင် ၂၁၅၀ကျပ်ဈေးရှိခဲ့ပြီး စက်တင်ဘာလကုန်တွင် မြေပဲဆီဆန်တစ်ပိဿာလျှင် ၁၄၅၀ ကျပ်နှင့် လုံးဆန် တစ်ပိဿာလျှင် ကျပ် ၁၉၀ဝဖြင့့်ဈေးကျလာတာတွေ့ရပါတယ်။ ယခုတစ်ပတ် အောက်တိုဘာလဆန်းပိုင်းတွင် မြေပဲဆီဆန် တစ်ပိဿာလျှင် ၁၄၅၀ ကျပ်နဲ့ လုံးဆန် တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ ဈေးရှိတာတွေ့ရပါတယ်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၄၄၀ဝ ဈေးဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ ဈေးကျလာတာ တွေ့ရ ပါတယ်။

Agency Ministry of Foreign Affairs
Category General