ITCကတ်နဲ့ ကုန်သွယ်ရေး စခန်းများမှ ကျပ်သန်းပေါင်း ၂၀ဝဝ ကျော် ကုန်သွယ်ပြီးဖြစ်

တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ITCဖြင့်ကုန်သွယ်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စပြီး တမူး ကုန်သွယ်ရေးစခန်းမှ စတင်၍ ခွင့်ပြုခဲ့ပါတယ်။ ကျန် ကုန်သွယ်ရေးစခန်းများတွင်လည်းITC ကတ်နဲ့  ကုန်သွယ်မှု ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင် ဘာ ၉ ရက်အထိITCကတ်၅၅ကတ်ထုတ်ပေးခဲ့ပါတယ်။ကုန်သွယ်ရေးစခန်းများ၌ITC ကတ်ကို ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်တွင်၂၉၂ ကတ်၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၆၁ ကတ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၁၅ ကတ် ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၆ကတ်စုစုပေါင်းITC၁၀၇၀ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီလမှ စက်တင်ဘာလ ၉ ရက်အထိ   ITC ဖြင့် ကုန်သွယ်မှုမှာ တမူး ကုန်သွယ်ရေးစခန်း မှကျပ်သန်းပေါင်း ၃၂၁ ဒသမ ၂၀၅ သန်း၊ မူဆယ် ကုန်သွယ်ရေးဇုန်မှ ကျပ် သန်းပေါင်း၃၀၄ ဒသမ ၈၁၂ သန်း၊  မြဝတီကုန်သွယ်ရေးဇုန်မှ ကျပ် သန်းပေါင်း၂၉၅ ဒသမ ၄၆၈ သန်း၊တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကျပ်သန်းပေါင်း၃၁၇ ဒသမ ဝ၅၇သန်း၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ ကျပ် သန်းပေါင်း ၇၆၆ ဒသမ ၄၇၁သန်း၊ ကော့သောင်း ကုန်သွယ် ရေးစခန်းမှကျပ် သန်းပေါင်း ၉၃ ဒသမ ၂၆၃သန်း၊ရိဒ် ကုန် သွယ်ရေးစခန်းမှ ကျပ်သန်းပေါင်း ၂၀၉ ဒသမ ၃၀၄ သန်း၊မောတောင်ကုန်သွယ်ရေးစခန်းမှ ကျပ်သန်းပေါင်း ၂၄၇ ၅၉၅ သန်းနဲ့ ကျိုင်းတုံကုန်သွယ်ရေးစခန်းမှ ကျပ်သန်း ပေါင်း ၈ ဒသမ ၅၈၃ သန်းကုန်သွယ်ပြီး ဖြစ်တယ်လို့ သိရပါ ကျန်စခန်းများဖြစ်တဲ့ လွယ်ဂျယ်၊ စစ်တွေ၊ မောင်တော၊ ချင်းရွှေဟော်၊ မြိတ်၊ ထန်တလန်၊ထီးခီး၊ မန္တလေး၊ မြစ်ကြီးနား၊ ကျိုင်းလပ်၊ မယ်စဲ့ ကုန်သွယ်ရေးစခန်းအသီးသီးမှာ ယနေ့ထိ ITCကတ်နဲ့ ကုန်သွယ်ဆောင်ရွက်မှု မရှိသေးကြောင်း သတင်း ရရှိပါတယ်။   
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General