အစုရှယ်ယာဈေးနှုန်းများ ဈေးအတက်အကျအနည်းငယ်သာရှိ

ယခုတစ်ပတ်တွင်  အစုရှယ်ယာ  ဈေးနှုန်းများသည်  ဈေးအတက်အကျ  အနည်းငယ်ဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။င်္FMI, MTSHတို့၏ရှယ်ယာဈေးနှုန်းများမှာ အတက်အကျ ကျပ် ၁၀ဝဝ ခန့်သာရှိသော်လည်း MCB၏ ရှယ်ယာ ဈေးနှုန်းမှာ နေ့စဉ်အတက်အကျ ကျပ် နှစ်ရာခန့်သာရှိကြောင်း YSX၏သတင်း ထုတ်ပြန်ချက်များအရသိရသည်။ရှယ်ယာဈေးနှုန်း  အတက်အကျ  အနည်းငယ်သာ ရှိသော်လည်းအရောင်း အဝယ်ဖြစ်မှုမှာ နေ့စဉ်လေးထောင်ကျော်မှ ကိုးထောင်ကျော်အထိ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ယခုတစ်ပတ်တွင် အရောင်းအဝယ် အများဆုံးဖြစ်သည့်နေ့မှာ စက် တင်ဘာ ၂၉ ရက်က ရှယ်ယာပမာဏ ၉၀၃၃စုအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။MTSHကုမ္ပဏီသည်စက်တင်ဘာ၃၀ရက်တွင်အစုရှယ်ယာများကိုသာမန်အစုရှယ်ယာတစ်စုအား ဆယ်စု အဖြစ်သို့ ပြောင်းလဲလိုက်သည့်  ကြေညာစာတစ်ရပ်ကို  ထုတ်ပြန်ကြေ  ညာခဲ့ကြောင်း သိရသည်။

Agency Ministry of Foreign Affairs
Category General