ဒီဇယ်တန်ချိန် ၂၀ဝ ကျော်နဲ့ ဓာတ်ဆီတန်ချိန် ၂၀ဝ ကျော်ဝင်

စက်တင်ဘာ ၁၈ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၈၈၁၁၄၈၀ တန်ဖိုးရှိ ဒီဇယ်၂၀၂ ဒသမ ၄၂တန်နဲ့  ကန်ဒေါ်လာ ၁၁၈၀၇၆၇၂ တန်ဖိုးရှိ ဓာတ်ဆီ ၂၂၇ ဒသမ ၉၆ တန်ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ (၉၂)နဲ့ (၉၅)တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က အဝင်မရှိခဲ့တဲ့ဓာတ်ဆီ၊ ဒီဇယ်က ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။နယ်စပ်စခန်းများဖြစ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၅၂၄၀ တန်ဖိုးရှိဓာတ်ဆီ၅၅တန်၊တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၃၆၈၆၂ တန်ဖိုးရှိ ဒီဇယ်၂၈၅ တန်၊ ကန်ဒေါ်လာ ၅၇၈၆၈ တန်ဖိုးရှိ ဓာတ်ဆီ ၁၀၂ တန်နဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ
၁၁၉၈၂၃၂ တန်ဖိုးရှိ ဒီဇယ်၂၅၇၅တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်ရန်ကုန်ဈေးကွက်မှာဓာတ်ဆီ၊ဒီဇယ်မှာပုံမှန်အရောင်းအဝယ် ဖြစ်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ် ၊ အောက် တိန်း (၉၂)နဲ့ အောက်တိန်း (၉၅)မှာ
ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ် ၅၇၀ ကျပ်၊ အောက်တိန်း (၉၂) ၅၇၀ ကျပ်၊အောက်တိန်း (၉၅) ၆၄၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်  ၆၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ စက်တင်ဘာ၂၆ ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၀၈၀ဝဝ ကျပ်၊ ရောင်းဈေး ၁၁၀ဝဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ ၂၇ ရက်တွင် ဝယ်ဈေး ၁၀ဝဝ ကျပ်ဈေးကျခဲ့သော်လည်း ရောင်းဈေး ငြိမ်ပြီးအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့  သိရပါတယ်။ ဓာတ်ဆီဈေးမှာ စက်တင် ဘာ၂၆ ရက်တွင် ဝယ်ဈေး ၁၂၅၀ဝဝ ကျပ်၊ ရောင်းဈေး ၁၂၈၀ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာ ၂၇ရက်တွင်  ဝယ်ဈေးငြိမ်ခဲ့သော်လည်း ရောင်းဈေး ၁၀ဝဝ ကျပ်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့နှိုင်းယှဉ်ရင် ဒီဇယ်၊ ဓာတ်ဆီ ၁၀ဝဝ ကျပ်ဝန်းကျင် အတက်အကျရှိခဲ့တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ တစ်ဂါလန်၂၈၀ဝ၊ ဒီဇယ်တစ်ဂါလန် ၂၅၀ဝ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။  မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင်  ဓာတ်ဆီဈေးငြိမ်နေသော်လည်း ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ
ဈေးအနည်းငယ်မြင့်ခဲ့တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီ ဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၈၀ကျပ်၊ အဆင့်မြင့်ဒီဇယ်၆၀ဝကျပ်၊အောက်တိန်း (၉၂) ၆၀ဝကျပ်နဲ့ ရောင်း ချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ  စက်တင်ဘာ၂၆ ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၁၄၀ဝဝကျပ်၊  ရောင်းဈေး ၁၁၆၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် ဝယ်ဈေး ၁၁၃၀ဝဝ ကျပ်၊ ရောင်းဈေး ၁၁၅၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ဆီ ဈေးမှာ စက်တင်ဘာ ၂၆ ရက်တွင် ဝယ်ဈေး ၁၂၇၀ဝဝ ကျပ်၊ ရောင်းဈေး ၁၃၀ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် ဝယ်ဈေး၁၀ဝဝကျပ်ဈေးမြင့်ခဲ့သော်လည်းရောင်းဈေးဈေးငြိမ်ခဲ့တယ်လို့သိရပါတယ်။ပြင်ပလက်လီဆိုင်များတွင်တစ်ဂါလန်ဈေးမှာ ဒီဇယ်၂၆၀ဝကျပ်၊ဓာတ်ဆီ၃၀ဝဝကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ဒီတစ်ပတ်ဓာတ်ဆီ၊ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ဈေးများမှာဓာတ်ဆီတစ်ဂါလန်၃၀ဝဝကျပ်၊ဒီဇယ်တစ်ဂါလန်၂၆၅၅ကျပ်၊အောက်တိန်းတစ်ဂါလန်၂၆၅၅ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ပြင်ပ
လက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၃၁၀ဝ ကျပ်၊ဒီဇယ်တစ်ဂါလန် ၂၇၀ဝ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၇၀ဝ ကျပ်နဲ့အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ တစ်ဂါလန် ဈေးနှုန်းများမှာဓာတ်ဆီတစ်ဂါလန် ၃၀ဝဝ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀ဝကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ် ဂါလန် ၃၀ဝဝကျပ်၊ ဒီဇယ်တစ်ဂါလန်၂၇၀ဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General