ယွမ်ဈေးမြင့်တက်မှုကြောင့် ပြည်ပမှ တင်သွင်းလာသည့် ကြက်သွန်ဖြူများ ဈေးမြင့်တက်လာ

ယွမ်ငွေလဲနှုန်းများ မြင့်တက်မှုကြောင့် ပြည်ပွဲရုံများ သို့ ပြည်ပမှ တင်သွင်းလာတဲ့ ကြက်သွန်ဖြူများ ဈေးတက်လာ တာ တွေ့ရပါတယ်။ ပြည်ပွဲရုံကို ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူတွေဟာ ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့ တရုတ်နိုင်ငံတို့မှ ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူတွေ ဖြစ်တဲ့အတွက် ယွမ်နဲ့ ပေးချေရတာကြောင့်ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဈေးမြင့်တက်ပေမယ့် ကြက်သွန်ဖြူ အဝင်ပုံမှန်ရှိသလို အရောင်း အဝယ်လည်း ပုံမှန်ရှိနေပါတယ်။ ယခုတစ်ပတ်  ပြည် ကြက် သွန်ဖြူ (ပွဲရုံ) တစ်ပိဿာဈေး (ကြူကုတ်) ၄၂၀ဝ ကျပ်၊ ၄၃၀ဝ
ကျပ်နဲ့ ရောင်းချနေပြီး ပွဲရုံများမှာ တစ်ရက်ကို အိတ် ၁၀ဝဝ နီးပါး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ရှမ်းစကတော့ ဈေးငြိမ်ပြီး အရောင်းအဝယ်မှာ ပုံမှန်သာ ရှိနေကြောင်း သိရပါတယ်။  
နီနီဝင်း

Agency Ministry of Foreign Affairs
Category General