ပြည်ကြက်သွန်နီဈေးကွက် အတက်အကျမြန်

်ပြည်ဈေးကွက်တွင် ကြက်သွန်နီ အရည်အသွေးပေါ် မူတည်၍ ယခုတစ်ပတ် အတွင်းမှာပင် ဈေးတက်လိုက်ကျလိုက်နှင့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါတယ်။ဆိပ်ဖြူ၊ ရေနံချောင်း၊ပခုက္ကူစသည်ဖြင့် နယ်စုံမှ ကြက်သွန်နီများ ဝင်ရောက်မှု များပြားနေပြီး ယခုတစ်ပတ် ဈေး ဖွင့်ချိန်တွင်  ပြည်ပွဲရုံများ၌ တစ်ပိဿာလျှင် (ကြီး)၆၅၀ကျပ်၊(လတ်) ၆၀ဝကျပ်၊ (သေး) ၅၅၀-၅၃၀ ကျပ် တို့နှင့်ဈေးမြင့်သွားပြီး ပိဿာ (၃၀) ဝင် တစ်အိတ်လျှင် ၂၈၀ဝ ကျပ်ခန့် ဈေးမြင့် သွားခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့နယ်စုံမှဆက်တိုက်အဝင်များနေတဲ့အတွက် ပွဲရုံ များ၌ ယခင်ဈေးနှုန်း အတိုင်း ပြန်လည်ကျဆင်းသွားပါတယ်။ပွဲရုံဈေးအပြောင်းအလဲရှိပေမယ့် ဒေသ တွင်းလက်လီဈေးမှာ ပုံမှန်အတိုင်းတစ်ပိဿာကို(ရှယ်သန့်) ၇၀ဝကျပ်၊ (ကြီး) ၆၅၀ကျပ်၊ (လတ်) ၅၅၀-၆၀ဝ ကျပ်၊(သေး)၄၅၀-၅၀ဝကျပ်တို့နှင့် ရောင်းချနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်မှာလည်းဒေသတွင်းဝယ်လက်မျာနှင့် ဧရာ ဝတီတိုင်း၊ရခိုင်ပြည်နယ်တို့သို့ စားသုံးရန် တင်ပို့မှုအပါအဝင် တစ်ရက်ကို အိတ် ၄၅၀ခန့်နှင့် ပုံမှန်ထက်အရောင်း သွက်နေကြောင်း သိရပါတယ်။
ဝင်းလဲ့ဝါ(ပြည်)

Agency Ministry of Foreign Affairs
Category General