နယ်စပ်စခန်းများမှ ချင်းစို/ချင်းခြောက်အပို့သွက်

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄၆၇၈၅ တန်ဖိုးရှိ ချင်းခြောက် ၃၃ တန်ခွဲ တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်က ၃၁ တန်သာ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ချင်း ခြောက် ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ မူဆယ်မှာ ချင်းခြောက်တစ်တန်ကို (ငွေ လဲနှုန်းအရ) ၁၃၇၆၄၀ဝ - ၂၁၃၂၃၇၀ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ စစ်တွေမှ အမေရိကန်ဒေါ်လာ ၉၁၂၀ တန်ဖိုးရှိ ချင်းစို ၁၂ တန်နဲ့ မောင်တောမှ အမေရိကန် ဒေါ်လာ ၈၉၆၄၉ တန်ဖိုးရှိ ချင်းစို ၃၇၃ တန်ကျော်တင်ပို့ခဲ့ကြောင်း၊ စစ်တွေမှာ ချင်းစိုတစ်တန်ကို (ငွေလဲနှုန်းအရ) ၉၂၁၈၈၀ ကျပ်ဈေးရှိကြောင်း၊ ယခင် တစ်ပတ် က စစ်တွေမှချင်းအပို့မရှိဘဲ မောင်တောမှ တန် ၇၀တင်ပို့ခဲ့ကြောင်းသိရပါတယ်။
မော်မော်အောင်

Agency Ministry of Foreign Affairs
Category General