ယခုတစ်ပတ် ဆန်ပိုမိုတင်ပို့

စက်တင်ဘာ ၁၇  ရက်မှ ၂၃ရက် သီတင်းပတ်အတွင်း  မြန်မာ- တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၄၃၈ သန်းဖိုးရှိဆန် ၉၃၈၃ တန် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် ၃၅၉၆ တန်နဲ့ ဧည့်မထဆန်တန် ၁၂၅၀၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၈၆ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန် ၄၂၅၁ တန် နီးပါး တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ၈၅၄၉ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၈၃၄တန် ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ယခုတစ်ပတ်မှာ ဆန်ပိုမို တင်ပို့နိုင်ပေမယ့် ဆန်ကွဲ တင်ပို့မှု လျော့ကျခဲ့ပါတယ်။ အမေရိကန် ဒေါ်လာသုည ဒသမ ၃၂၃ သန်းဖိုးရှိ ဆန်ကွဲ ၉၉၄တန်ကျော်တင်ပို့ခဲ့ပြီး မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၆၉၄ တန်ခန့်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှတန် ၃၀ဝ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က၁၅၀၉ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၁၅တန် လျော့နည်းကြောင်း သိရပါတယ်။စက်တင်ဘာ ၁၈ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၄ သန်းဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန်  တန် ၁၅၀ဝ တင်ပို့ခဲ့ပြီး၊ တရုတ်နိုင်ငံသို့ဧည့်မထ ၂၅မှတ်ဆန် တန် ၁၀၅၀ နဲ့ ဘူလ်ဂေးရီးယားနိုင်ငံသို့ ပေါင်းဆန် တန်၄၅၀ တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ကထက် ၃၂၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဆန်အပြင် အမေရိကန်ဒေါ်လာ သုည  ဒသမ ၄၄၄  သန်း တန်ဖိုးရှိ ဆန်ကွဲ တန် ၁၆၀ဝ ကို တင်ပို့ခဲ့ရာ စင်ကာပူနိုင်ငံသို့ တန်၅၀ နဲ့ အမေရိကန်နိုင်ငံသို့ တန် ၂၅၀၊အီးယူနိုင်ငံများသို့ တန်၁၃၀ဝ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၇၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်နေပြီ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီ ၁ရက်မှ စက်တင် ဘာ ၂၃ရက်အထိ အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ  ၅၁၁ သန်း တန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲ နှစ်ရပ်ပေါင်း တန်ချိန် ၅၀၄၀၇၁ ကျော် တင်ပို့ခဲ့ပါတယ်။  
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General