ဆန်ချောဈေးငြိမ်ပြီး ဆန်ကြမ်းဈေးကျ

ယခုတစ်ပတ် ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်ချောဈေးမှာ အတက်အကျသိပ်မရှိသော်လည်း ဆန်ကြမ်းဈေးမှာ အနည်းငယ်အကျရှိကြောင်း သိရပါတယ်။ဆန် ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကို၃၅၅၀ဝ ကျပ်၊   လတ်စ  တစ်အိတ်ကို ကျပ် ၃၃၀ဝဝ၊ ပုသိမ်၊မြောင်းမြပေါ်ဆန်း ထိပ်စတစ်အိတ်ကိုကျပ် ၃၆၅၀ဝ ၊ လတ်စတစ်အိတ် ကိုကျပ် ၃၄၀ဝဝ၊ နယ်စုံကျိုက်လတ်ပေါ်ဆန်းထိပ်စ
တစ်အိတ် ကျပ် ၃၂၀ဝဝ၊ လတ်စတစ်အိတ်ကို ကျပ် ၃၀ဝဝဝ၊ရွှေဘို ပေါ်ဆန်းဆန် တစ်အိတ်ကျပ် ၄၃၀ဝဝ မှ ကျပ် ၄၅၅၀ဝဖြစ်ပါတယ်။ ဝါးတန်းကုန်စည်ဒိုင်သို့   ဆန်အဝင်ပုံမှန်ရှိပြီးအရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်  ထိပ်စတစ်အိတ်ကျပ်၁၉၀ဝဝ၊ လတ်စတစ်အိတ်ကျပ် ၁၈၅၀ဝနဲ့တစ်ပတ် အတွင်းတစ်အိတ်ကို ကျပ် ၃၀ဝ ခန့်ဈေးကျလာပါတယ်။ နွေသီးထပ်
ရှယ်တစ်အိတ် ကျပ် ၁၇၀ဝဝ မှ ကျပ် ၁၈၅၀ဝ နွေဆန်ရက်၉၀ တစ်အိတ် ကျပ် ၁၉၅၀ဝ မှ ကျပ် ၂၁၀ဝဝ ဖြစ်ပြီး   တစ်အိတ်ကို ကျပ် ၅၀ဝ မှကျပ် ၁၀ဝဝ ကြား  ဈေးကျလာပါတယ်။မနောသုခ တစ်အိတ်ကို ကျပ်၂၆၀ဝဝ မှ ကျပ် ၂၇၀ဝဝ ရှိပြီး၊ယခင်တစ်ပတ်အတိုင်း   ဈေးငြိမ်နေပါတယ်။  ပြည်ပပို့မယ့်ဧည့်မထ ၂၅  မှတ်ဆန်ကတော့ တစ်အိတ်ကို ၁၅၃၀ဝ ကျပ်မှကျပ် ၁၅၅၀ဝ ဖြစ်ပြီး တစ်အိတ်ကို ကျပ်  ၃၀ဝ ခန့် ဈေးကျပါတယ်။မူဆယ်ကုန်စည်ဒိုင်ရဲ့   ဆန်ဈေးနှုန်းကတော့ ယခင်တစ်ပတ်အတိုင်း  မပြောင်းလဲပါဘူး။ ဆန်ဈေးငြိမ်နေသလို
အရောင်းအဝယ်လည်း  သိပ်မသွက်ကြောင်း သိရပါတယ်။မူဆယ်ဆန်ဈေးကွက်မှာ ဧည့်မထ ၅ မှတ်မှော်ဘီတစ်အိတ်
၁၃၈ ယွမ်မှ ယွမ် ၁၄၀၊ ဧည့်မထ ၅ မှတ်စူပါတစ်အိတ်ယွမ်၁၄၀ မှ ၁၄၃ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ် ၁၃၃
ယွမ်မှ ၁၃၅ ယွမ်၊ ဧည့်မထ ၁၀ မှတ်  စူပါတစ်အိတ် ၁၃၈ ယွမ်မှ ၁၃၉ ယွမ်၊ ဧည့်မထ ၂၅ မှတ် မှော်ဘီတစ်အိတ် ၁၂၅ ယွမ်
မှ ၁၂၈ ယွမ်၊ ငစိန် ၅မှတ် တစ်အိတ် ၁၃၉ ယွမ်မှ ၁၄၁ ယွမ်၊ငစိန် ၁၅ မှတ်တစ်အိတ် ၁၃၄ ယွမ်မှ ၁၃၇ ယွမ်၊ ငစိန် ၂၅
မှတ် တစ်အိတ်  ယွမ် ၁၃၀ မှ ၁၃၂ ယွမ်ဈေးရှိကြောင်း သိရပါတယ်။
ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ တန် ၄၅၂၀ ရှိပြီး ယခင်တစ်ပတ်အဝင်ထက် ၄၃၆ တန်လျော့နည်းခဲ့ပါတယ်။ စက်တင်ဘာ၃၀ ရက်ရဲ့ ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၈၆ ဒသမ ၅၆ ကျပ်ဈေးပေါက်ကြောင်း သိရပါတယ်။
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General