မူဆယ်ကုန်သွယ်ရေးဇုန်မှ သြဂုတ်လအတွင်း ကုန်သွယ်မှုပမာဏ လျာထားချက်ကို ရာနှုန်းပြည့်နီးပါး ဆောင်ရွက်

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်တွင် သြဂုတ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃၂၈ဒသမ ၂၄၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၁၄၆ဒသမ ၅၈၄သန်း၊ ကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၄၇၄ ဒသမ ၈၂၄သန်း ဆောင်ရွက်နိုင်ခဲ့ပါ သည်။ သြဂုတ်အတွက် ကုန်သွယ်မှု ပမာဏ လျာထားချက်မှာ အမေရိကန် ဒေါ်လာ သန်း၅၀ဝ ဖြစ်သဖြင့် လျာထားချက်အပေါ် ဆောင်ရွက်နိုင်မှုမှာ ၉၄ဒသမ ၉၆ရာခိုင်နှုန်း ဖြစ်ပါသည်။အနီးစပ်ဆုံး ဇူလိုင်လနှင့် နှိုင်း ယှဉ်ပါက ပို့ကုန်တွင် အမေရိကန် ဒေါ်လာ ၃၀ဒသမ ၈၄၃သန်း ပိုမိုပြီး သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၉၆ သန်း လျော့နည်းခဲ့ ကြောင်းတွေ့ရသည်။
ယခင် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန် ဒေါ်လာ ၆၇ ဒသမ ဝ၃၁ သန်း လျော့ နည်းပြီး သွင်းကုန်တွင် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂၄၀ သန်း ပိုမိုခဲ့ကြောင်း သိရပါသည်။
ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာ ထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ အခြားကုန် ပစ္စည်းအုပ်စုတို့ကို အနီးစပ်ဆုံး ကာလ ထက် ပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။
သြဂုတ်လတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ (နေပြည်တော်)မှ ရောင်းချ သည့် ကျောက်စိမ်း (အရိုင်း)များ တင်ပို့ ခြင်းနှင့်အတူ ဆန်ကွဲ၊ ပြောင်း၊ ရော်ဘာ၊ ပဲမျိုးစုံ၊ ငါးရှဉ့်၊ ကဏန်း၊ ကျောက်မျက်အချောထည်နှင့် စက်သုံးဆီစသည့် ကုန် ပစ္စည်းများ တစ်ဖက်နိုင်ငံသို့ ပိုမိုတင် ပို့ခဲ့ခြင်းကြောင့် ဇူလိုင်လထက် ပို့ကုန် ပမာဏပိုမိုခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရ ပါသည်။သွင်းကုန်တင်ပို့မှုအနေဖြင့် အနီး စပ်ဆုံး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ ၉၈ဒသမ ဝ၀၉သန်း၊ လုပ်ငန်းသုံးကုန် ကြမ်းတွင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ၄၈၂သန်း၊ လူသုံးကုန်ပစ္စည်းတွင် အမေရိကန်ဒေါ်လာ ၂၄ဒသမ ဝ၉၃ သန်း တင်သွင်းခဲ့၍ စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၆ဒသမ ၅၈၄ သန်းဖြစ်ပြီး အနီးစပ်ဆုံးကာလထက်အမေရိကန်ဒေါ်လာ ၁၃ဒသမ ၂၉၆ သန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။ယခုဘဏ္ဍာနှစ် သြဂုတ်လဆန်းပိုင်း မှစ၍ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း များသာမက ယွမ်လဲလှယ်နှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့်ငွေ ဈေး အတက်အကျ စောင့်ကြည့်လျက် ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရှိရပါသည်။မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်အနေဖြင့် ပို့ကုန်တင်ပို့မှုများ ပိုမို တိုး တက်စေရန်၊ အမယ်သစ်များ တိုးတက် တင်ပို့နိုင်ရန်၊ ဆန်၊ ပြောင်း၊ ရော်ဘာ၊ ပဲ မျိုးစုံ၊   ရေထွက်ကုန်များ  ပိုမိုတိုးတက် တင်ပို့နိုင်စေရန်အတွက်  သက်ဆိုင်ရာOSS ဌာန များနှင် ့  ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
        မော်မော်အောင်

Agency Ministry of Foreign Affairs
Category General