ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

ကချင်ပြည်နယ်၊ ကန်ပိုက်တီးကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ သြဂုတ် လ၂၇ ရက်မှ စက်တင်ဘာ၂ ရက်အထိ အမှန်တင်ပို့ကုန်အနေဖြင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၇ သိန်းကျော်တန်ဖိုးရှိ တစ်သျှူးငှက်ပျော ကီလိုဂရမ်သိန်း ၂၀နှင့် အမေရိကန်ဒေါ်လာ ၂၁၄၅၀ တန်ဖိုးရှိ အစေ့ထုတ်ပြောင်း ၇၁၅၀ဝ ကီလိုဂရမ် တင်ပို့နိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဘိလပ်မြေ၊ သံပိုက်လုံး၊ သံပြားလိပ်၊ အိမ်မိုးသွပ်၊ သံယက်မ၊ ဝါယာကြိုး၊ လိမ္မော်သီး၊ ပန်းသီးနှင့် ကလေး ကစားစရာအရုပ်များ အမယ် ၁၀ မျိုးတင်သွင်းခဲ့ပြီး တင်သွင်းလာသည့် စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ဝ၃၁ သိန်းကျော် တင်သွင်းခဲ့ပါသည်။
တစ်သျှူးငှက်ပျောကို ယခင်ရက်သတ္တပတ်များကထက်ပိုမို တင်ပို့မှုကြောင့် သွင်းကုန်ပမာဏထက် ပို့ကုန်ပမာဏကပိုများကြောင်း ကန်ပိုက်တီးကုန်သွယ်ရေး စခန်းရဲ့ စာရင်းများအရ သိရပါသည်။                                       ဋ္ဌေးလှိုင်-ကချင်
 

Agency Ministry of Foreign Affairs
Category General