မြန်မာနိုင်ငံသားများဘဏ်၏ရှယ်ယာဈေးနှုန်းများ ပြန်လည်ကျဆင်း

ရန်ကုန်စတော့အိတ်ချိန်းတွင် စာ ရင်းဝင်ခဲ့သည့် သုံးပတ်မြောက်ကာလ တွင် မြန်မာနိုင်ငံသားများဘဏ်၏အစု ရှယ်ယာဈေးနှုန်းများမှာ ယခုတစ်ပတ် တွင် ဈေးမြင့်တက်နေရာမှ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများဘဏ်၏ အစုရှယ်ယာဈေးများသည် စက်တင် ဘာ ၅ ရက်တွင် ကျပ် ၁၀ဝ၀ဝရှိခဲ့ရာမှ စက်တင်ဘာ ၈ ရက်တွင် ကျပ် ၉၄၀ဝ သို့ကျဆင်းခဲ့သည်။ စက်တင်ဘာလ ၉ ရက်တွင် အနည်းငယ်ပြန်လည်မြင့် တက်ခဲ့ကာ ကျပ် ၉၈၀ဝ ရှိခဲ့သည်။
မြန်မာနိုင်ငံသားများဘဏ်၏အစု ရှယ်ယာများသည် နေ့စဉ်အရောင်း   အဝယ်ဖြစ်လျက်ရှိပြီး စက်တင်ဘာ ၅ ရက်က အစုရှယ်ယာ၁၈၂၀ ဖြင့်အများဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်။ကျန်စာရင်းဝင်ကုမ္ပဏီနှစ်ခုဖြစ်သည့်MTSH နှင့်FMIကုမ္ပဏီတို့၏ ရှယ်ယာဈေးနှုန်းများမှာမူ ကျပ် ၅၀ဝ နှင့် ကျပ် ၁၀ဝ၀ ခန့်သာအတက်အကျ ရှိနေကြောင်း သိရသည်။
MTSH ၏ ရှယ်ယာဈေးနှုန်းသည် ဈေးပိတ်သည့်  နောက်ဆုံးရက်တွင် ကျပ် ၄၂၀ဝ၀ ရှိခဲ့ပြီးFMI ၏ ဈေး နှုန်းမှာ ကျပ် ၁၉၀ဝ၀ ရှိခဲ့သည်။

Agency Ministry of Foreign Affairs
Category General