ပြည်ပဲတီစိမ်းဈေး ယခင်နှစ်အောက် ထက်ဝက်ကျဆင်းခဲ့

ပြည်ပဲဈေးကွက်မှာ  ပဲတီစိမ်း သီးနှံ   ဝင်ရောက်မှုအနေဖြင့်   ပန်း တောင်း၊   ကံမ၊   မင်းတုန်းမြို့နယ်များ အပြင် ပေါင်းတလည်၊   ပေါက်ခေါင်း ဘက်မှလည်း နေ့စဉ် အိတ် ၃၀ဝကျော်

ဝင်ရောက်ကာ   မန္တလေးဝယ်လက်က လည်း ဝယ်လိုအား ကောင်းတာကြောင့် ဝင်လာသမျှ   အရောင်းအဝယ်  ဖြစ်ခဲ့ ပါတယ်။ ပဲ ဈေးနှုန်းမှာ မတ်ပဲ၊  ပဲစင်းငုံ သီးနှံများကဲ့သို့   

ဈေးကောင်းမရတဲ့ အတွက် တစ်တင်း ၁၉၅၀ဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအောက်ကို  ထပ်မံ လျော့နည်းသွားခဲ့ပါတယ်။    ပဲတီစိမ်း သီးနှံဈေးဟာ ယခင်နှစ်က  တစ်တင်း ကျပ်

လေးသောင်းနီးပါးရရှိလို့ ယခုလို စက်တင်ဘာလဆန်းတွင်  တစ်တင်း ၃၇၅၀ဝ ကျပ် ရရှိခဲ့ပေမယ့် ယခုနှစ်မှာ တော့ ထက်ဝက်နီးပါး ကျဆင်းသွားလို့ ပဲစိုက်တောင်သူများ    အကျိုးအမြတ်

နည်းခဲ့တယ်လို့ သိရပါတယ်။
              ခင်ဆွေဝင်း

Agency Ministry of Foreign Affairs
Category General