သြဂုတ်လအတွင်း ဆန်ပိုမိုတင်ပို့

သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိကာလ အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၄၈ သန်း  တန်ဖိုးရှိ  ဆန်တန်ချိန် ၁၂၁၂၂ တန်နီးပါး တင်ပို့ခဲ့ရာ ယခင်တစ်ပတ်  တင်ပို့မှုထက် ၃၈၈၃ တန်ပိုမိုခဲ့ပါ တယ်။ ယခုတစ်ပတ်မှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ ငစိန်ဆန် ၄၀၇၁ တန်၊ ဧည့်မထဆန်တန် ၂၂၅၀၊ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ  ငစိန်ဆန် ၂၉၂ တန် ကျော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  ငစိန်ဆန် ၅၅၀၉ တန်ခန့် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်ထက်စခန်းတိုင်းမှ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ သြဂုတ်တစ်လလုံးမှာ  အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈၂၂ သန်းတန်ဖိုးရှိ ဆန် ၆၂၃၃၀ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးဇူလိုင်လထက် ၁၀၃၆၆ တန်  ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဆန်ကွဲတင်ပို့မှုအနေနဲ့  သြဂုတ်လနောက်ဆုံးပတ်မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၉ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၁၇၈၀ ခန့်  တင်ပို့ခဲ့ပြီး သြဂုတ်တစ်လလုံးမှာ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၆၈၆ သန်းတန်ဖိုးရှိ ဆန်ကွဲတန် ၈၂၅၀ တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံး ဇူလိုင်လထက် တန် ၄၃၀ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပြီး သြဂုတ်လအတွင်းမှာ ကုန်သွယ်ရေး စခန်းများမှ ဆန်ရော ဆန်ကွဲပါ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၅၀ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၂၀၂၈ တန် တင်ပို့ ခဲ့ပါတယ်။ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် ၁၂၅ တန်၊ ပေါင်း ဆန်တန် ၅၀ နဲ့ ပေါ်ဆန်းဆန် ၂၄ တန်၊ တရုတ်နိုင်ငံသို့ ငစိန် ဆန် တန် ၅၀နဲ့ ဧည့်မထဆန်တန် ၁၀ဝ၀၊ အီးယူနိုင်ငံများ သို့ ဧည့်မထဆန် ၅၀၄ တန်နဲ့ ငစိန်ဆန် ၂၇၅ တန်တင်ပို့ခဲ့ပါတယ်။
သြဂုတ်လတစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ဝ၅၃ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၀၄၅၅ တန်တင်ပို့ပြီး အနီး စပ်ဆုံးဇူလိုင်လထက် ဆန် ၃၅၅၂ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်နောက်ဆုံးပတ်မှာ သုည ဒသမ ၄၆၇ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၆၉၅ တန် တင်ပို့ခဲ့ရာ စင်ကာပူနိုင်ငံသို့ တန် ၅၀နဲ့ အီးယူနိုင်ငံများသို့ ၁၆၄၅ တန် တင်ပို့ခဲ့ပါတယ်။ သြဂုတ်လ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၄ သန်းတန်ဖိုး ရှိ ဆန်ကွဲ ၁၆၄၅ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဇူလိုင်လထက် ၇၅၂၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။
ယခုဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂ ရက် အထိ ဆန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၇၅၆ သန်းဖိုးနဲ့ တန်ချိန် ၃၄၂၂၈၀ ကျော်ဖြစ်ပြီး ဆန်ကွဲတင်ပို့ မှုမှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၄၂ သန်းဖိုးနဲ့တန်ချိန် ၁၁၉၃၃၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။                   ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General